ပြည်တွင်းသတင်းများ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့ဝန်ထမ်းများအတွက် ယောဂကျင့်စဉ် အားကစားနည်းသင်တန်း ဖွင့်လှစ်

နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသော လူမှုရေးဦးတည်ချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ၏ ရုပ်ပိုင်းစိတ်ပိုင်းကျန်းမာကြံ့ခိုင်စေရေးအတွက် ယောဂကျင့်စဉ်ကိုလည်း စနစ်တကျသင်ယူလေ့ကျင့်နိုင်ကြစေရန် ယောဂကျင့်စဉ်အားကစားနည်းသင်တန်းကို (၇-၁၂-၂၀၂၂) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးဝင်းအတွင်းရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းဆရာမများနှင့် သင်တန်းသူ/သား နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာမများနှင့် သင်တန်းသူ/သားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ စိတ်ဝင်စားရာ အားကစားနည်းများတွင် ပါဝင်ဆောင်ရွက်နိုင်ကြစေရန် အားကစားနည်း (၁၁)မျိုးကို ဦးစီးဌာနများအလိုက် တာဝန်ယူကျင်းပပေးလျက်ရှိရာ ယောဂကျင့်စဉ် အားကစားနည်းကို စီမံကိန်းဦးစီးဌာနက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုသင်တန်းမှာ ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသို့ ဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း ၆၁ ဦး တက်ရောက်လျက်ရှိပါသည်။

Loading