ပြည်တွင်းသတင်းများ

Note Taking သင်တန်းနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ခြင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ (၁) ၌ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့်  Note Taking သင်တန်းကို မူဝါဒနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ သင်ကြားပို့ချခဲ့ရာ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ စုစုပေါင်း (၂၉) ဦးတက်ရောက်ခဲ့ပြီး  ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့မှစ၍ တစ်နေ့လျင် (၂)နာရီနှုန်းဖြင့် (၅) ရက် ကြာမျှ သင်ကြားပို့ချပေး ခဲ့ပါသည်။

အဆိုပါသင်တန်းကို စီမံကိန်းဦးစီးဌာနရှိ ဌာနခွဲများမှ အမှုထမ်းများအား စကားဝိုင်း ဆိုင်ရာဆွေးနွေးပွဲ၊ အစည်းအဝေးဆိုင်ရာ အစီရင်ခံစာ/မှတ်တမ်းများ ရေးသားရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်ရည်ရွယ်၍ Note Taking နှင့်သက်ဆိုင်သည့် အချက် အလက်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Loading