ပြည်တွင်းသတင်းများ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့ ဝန်ထမ်းများအတွက် ယောဂကျင့်စဉ် အားကစားသင်တန်း ဖွင့်လှစ်ခြင်း

နိုင်ငံဝန်ထမ်းများ၏ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန် သော ရွက်ပုန်းသီး အားကစားမောင်မယ်များ ဖော်ထုတ်ပေးနိုင်ရေးတို့အတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပ ပေးလျက် ရှိသကဲ့သို့ ကိုယ်စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့ပျော်ရွှင်စွာဖြင့် လုပ်ငန်းတာဝန်များထမ်း ဆောင်နိုင်ကြစေရန် ယောဂကျင့်စဉ် အားကစားသင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိသည်။

ကိုယ်ရည်ကိုယ်သွေးတိုးတက်ကောင်းမွန်စေပြီး စိတ်ပိုင်း ရုပ်ပိုင်းနုပျိုလန်းဆန်းစေလျက် မိမိကိုယ်ကို ယုံကြည်ချက်ပြည့်ဝစေသည့် ယောဂကျင့်စဉ် အားကစားသင်တန်းကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးအနီးရှိ အားကစားဝင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ ၊ အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များအားလုံးကို အားကစားနည်းများ အလိုက် တာဝန်ယူစေပြီး ဝန်ထမ်းအားလုံး ပါဝင်နိုင်ကြစေရေး စီစဉ်ဆောင်ရွက် ထားရှိကြောင်း၊ ယခုကျင်းပသည့် ယောဂကျင့်စဉ်အားကစားကို စီမံကိန်းဦးစီးဌာနက တာဝန်ယူစီမံ ဆောင်ရွက်ခြင်းဖြစ်ပြီး နည်းပြများအဖြစ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ယောဂကျင့်စဉ် အားကစားနည်းပြအဖွဲ့က တာဝန်ယူ လေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။

Loading