ပြည်ပသတင်းများ

“တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် စိမ်းလန်းမှု” (“Green Made in China”) ရှေ့ဆောင် ရှေ့ရွက်ပြုစတင်မှုကို အဆိုပြု

ပတ်ဝန်းကျင်နှင့်လျော်ညီသည့် ကုန်ထုတ်လုပ်မှု စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးကို မြှင့်တင်ရန် မကြာသေးမီက ကျင်းပခဲ့သည့် စက်မှုကုန်ထုတ်လုပ်မှု ဖလှယ်ရေး ထိပ်သီး အစည်းအဝေး၌ “တရုတ် နိုင်ငံတွင် ထုတ်လုပ်သည့် စိမ်းလန်းမှု” (“Green Made in China”) ရှေ့ဆောင်ရှေ့ရွက်ပြုစတင်မှုကို အဆိုပြုခဲ့ပါသည်။

ယင်းထိပ်သီးအစည်းအဝေးသို့ စက်မှုကုန်ထုတ်လုပ်မှုတွင် ဉီးဆောင်နေသည့် လုပ်ငန်းကြီး (၄၂)ခု၊ အသင်းအဖွဲ့များနှင့် ဖူကျန့်ပြည်နယ်ရှိ သင်ကြားရေးနယ်ပယ်မှ ပညာရှင်များ တက်ရောက် ခဲ့ကြကာ ရှေ့ဆောင်ရှေ့ရွက်ပြုမှုကို ထောက်ခံခဲ့ကြသည့် ပထမ ဆုံးအသုတ် အဖွဲ့ဝင်များ ဖြစ်လာ ကြပါသည်။

မကြာသေးမီလများအတွင်း စိမ်းလန်းသည့် စက်မှုကုန်ထုတ်ပစ္စည်းများကို အွန်လိုင်း ပေါ်တွင် ရှာဖွေမှုမြင့်တက်လာကြောင်း၊  ပြည်ပမှ ဝယ်ယူသူများကြားတွင်လည်း ထိုပစ္စည်းများ လူကြိုက်များလာနိုင်ကြောင်း Made-in-China.com ကို လုပ်ကိုင်နေသူ Pan Bingtong က မှတ်ချက်ပြုပြောကြားပါသည်။

စက်မှုကုန်ထုတ်လုပ်မှုနိုင်ငံကြီးဖြစ်သည့် တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း သဘာဝပတ်ဝန်းကျင်နှင့်လျော်ညီသည့် စက်မှုကုန်ထုတ်လုပ်သည့် နိုင်ငံအဖြစ် အသွင်ပြောင်းလဲ ကာအဆင့်မြှင့်တင်လာပါသည်။ တရုတ်အစိုးရကိုယ်တိုင်ကလည်း သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသည့် စက်မှုကုန်ထုတ်လုပ်မှုစနစ်တစ်ရပ်ကို တက်ကြွစွာ တည်ဆောက်သင့်ကြောင်းနှင့် ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက် သင့်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြား ထားပါသည်။

တရုတ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်များ လူသိများလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ ကြီးကြပ်မှုများ အားကောင်းခိုင်မာလာ ခြင်းတို့နှင့် အတူ စိမ်းလန်းသည့်ဖွံ့ဖြိုးတိုးတက်မှုမှာ လုပ်ငန်းများဖွံ့ဖြိုးမှု၏ အဓိကခေါင်းစဉ် ဖြစ်လာပါသည်။ ယခင်က ပတ်ဝန်းကျင်နှင့်လျော်ညီသည့် စက်မှုကုန်ထုတ်လုပ်မှု (Green manufacturing) ဆို သည်ကို အရည်အသွေးမြင့်လုပ်ငန်းအချို့တွင်သာ တွေ့ခဲ့ရသော်လည်း ယခုအခါ ဈေးကွက် ယှဉ်ပြိုင်မှုတွင် ပါဝင်လိုသည့် ကုမ္ပဏီများအတွက် ဈေးကွက်ဝင်ရောက် နိုင်သည့်စတင်မှု တစ်ရပ် အသွင် ပြောင်းလဲလာပြီဖြစ်ပါသည်။

ရင်းမြစ်၊ chinadaily (၅-၇-၂၀၂၁)

Loading