ပြည်ပသတင်းများ

ဘွဲ့ရလစာဖြင့် ခွဲခြားထားသည့် တရုတ်ထိပ်တန်းတက္ကသိုလ် (၁၀)ခု စာရင်း

တရုတ်နိုင်ငံ လစာသုတေသန အဖွဲ့အစည်းဖြစ်သည့်  Xinchou.cn မှ ထုတ်ပြန် သည့် ယခုနှစ်အတွင်း ပျမ်းမျှလစဉ်လစာရရှိသည့် အကောင်းဆုံးဘွဲ့ရလစာများဖြင့် အဆင့် သတ်မှတ်ခွဲခြားထားသည့် တက္ကသိုလ်များစာရင်း၌ Tsinghua University ၊ Shanghai Jiao Tong University နှင့် Peking University တို့က လစဉ်ပျမ်းမျှလစာ (၁၀,၉၉၂)ယွမ် (အမေရိကန်ဒေါ်လာ ၁,၆၉၉.၆၆)၊ (၁၀,၆၀၂)ယွမ်နှင့် (၁၀,၆၉၀)ယွမ် အသီးသီးဖြင့် ထိပ်တန်း (၃)နေရာ၌ ရပ်တည်နေသည်ကို တွေ့ရပါသည်။

၎င်းအညွှန်းကိန်းအား တက္ကသိုလ်ပေါင်း (၁၀၀)တို့၏ ဘွဲ့ရများထံမှ တစ်နှစ် အတွင်း အချက်အလက်များ၊ လစာအဆင့်များ၊ အလုပ်အကိုင်နှုန်းထားများ၊ ပါရမီနှင့် လစာတိုးနှုန်း တို့ကို အခြေခံ၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

ဘွဲ့ရလစာဖြင့် အဆင့်အတန်းခွဲခြားထားသည့် တရုတ်ထိပ်တန်း တက္ကသိုလ်ကြီး (၁၀)ခုတို့မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် –

နံပတ် (၁) Tsinghua University (လစာအညွှန်းကိန်း – ၈၈.၃၊ပျမ်းမျှ လစဉ်လစာ-၁၀,၉၉၂  ယွမ်)

နံပတ် (၂) Shanghai Jiao Tong University (လစာအညွှန်းကိန်း – ၈၇.၅၊ ပျမ်းမျှ လစဉ်လစာ –       ၁၀,၆၀၂ ယွမ်)

နံပတ် (၃) Peking University (လစာအညွှန်းကိန်း – ၈၇.၁၊  ပျမ်းမျှ လစဉ်လစာ –  ၁၀,၆၉၀ ယွမ်)

နံပတ် (၄) University of International Business and Economics (လစာအညွှန်းကိန်း – ၈၆.၄၊  ပျမ်းမျှ လစဉ်လစာ – ၁၁,၀၃၂ ယွမ်)

နံပတ် (၅) Central University of Finance and Economics (လစာ အညွှန်းကိန်း – ၈၆.၄၊ ပျမ်းမျှ လစဉ်လစာ –  ၁၀,၁၆၂ ယွမ်)

နံပတ် (၆) Beihang University (လစာအညွှန်းကိန်း – ၈၆.၂ ၊  ပျမ်းမျှ လစဉ်လစာ – ၁၀,၁၇၉ ယွမ်)

နံပတ် (၇) Tongji University (လစာအညွှန်းကိန်း – ၈၆.၁၊  ပျမ်းမျှ လစဉ်လစာ – ၁၀,၄၇၃ ယွမ်)

နံပတ် (၈) Sun Yat-sen University (လစာအညွှန်းကိန်း – ၈၆.၁၊  ပျမ်းမျှ လစဉ်လစာ –  ၁၀,၀၄၈ ယွမ်)

နံပတ် (၉) Fudan University (လစာအညွှန်းကိန်း – ၈၅.၆၊ ပျမ်းမျှ လစဉ်လစာ – ၁၀,၅၀၈ ယွမ်)

နံပတ်(၁၀)Beijing Foreign Studies University (လစာအညွှန်းကိန်း – ၈၅.၅၊ ပျမ်းမျှ လစဉ်လစာ – ၁၀,၃၅၅ ယွမ်)

ရင်းမြစ်၊ chinadaily (၅-၇-၂၀၂၁)

Loading