ပြည်ပသတင်းများ

ဒစ်ဂျစ်တယ်စိုက်ပျိုးရေးကို အရှိန်မြှင့်တင်ရန် ကွမ်ရှီး၏ ကနဉီးဆောင်ရွက်မှုများ

ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ၎င်း၏ကျေး လက်အခြေခံအဆောက်အအုံတိုးတက်ရေး၊ ဝန်ဆောင်မှုစနစ် အကောင်းဆုံးဖြစ်စေရေးနှင့်  လယ်ယာစိုက်ပျိုးရေးအား ဒစ်ဂျစ်တယ်အသွင်သို့ မြှင့်တင်သွားရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ကွမ်ရှီး၏ ဒစ်ဂျစ်တယ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုအဆင့်တို့ ကို ခြုံငုံကြည့်လျှင် (၃၇.၉) ရာခိုင်နှုန်းရှိသည့်အတွက် တရုတ်နိုင်ငံအတွင်းရှိ ထိပ်တန်းဒေသ (၁၀) ခုတွင် အပါအဝင်ဖြစ်လျက်ရှိပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် သတင်းအချက်အလက် ချဲ့ထွင်ခြင်းက Beiliu ၏ပင်မှည့်သီး၊ Wuming ၏ သရက်သီး၊ Rong’an ၏ ပျားလိမ္မော်နှင့် လျိုကျိုး မြစ်ခရု ခေါက်ဆွဲကဲ့သို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအတွက် e-commerce ဖွံ့ဖြိုး တိုးတက်မှု ကို တွန်းအားပေးလျက်ရှိပါသည်။

ကွမ်ရှီးသည် ကျေးလက်ဒေသများရှိ ကျေးရွာများနှင့် အိမ်ထောင်စုများထံဿို့ သတင်းအချက်အလက် အပြည့်အဝရောက်ရှိစေရေး ပံ့ပိုးပေးထားကာ၊ လယ်သမားများနှင့် ကျေးလက်စီးပွားရေးတို့ကို အကျိုးဖြစ်ထွန်းစေရန် သတင်းအချက်အလက် စခန်းပေါင်း (၄၃,၈၀၀)ကို တည်ဆောက်ပေးထားသည့်အတွက် တရုတ်တစ်နိုင်ငံလုံးရှိ လယ်ယာစိုက်ပျိုး ရေး ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အဆင့်များအနက် ပဉ္စမမြောက်နေရာတွင် ရပ်တည်နေ ပါသည်။

သတင်းအချက်အလက်စခန်းများက လယ်သမားများ၏ သမဝါယမအသင်းများ လို အပ်မည့် သတင်းအချက်အလက်များ၊ e-commerce ဝန်ဆောင်မှုများ၊  ဈေးဆိုင်များ၊ လက်ကားဈေးများအတွက် တိုက်ရိုက်ရောင်းချမှုများကို ပံ့ပိုးကူညီပေးနေပြီး၊ လုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်စီးပွားရေးပေါင်းစပ်မှုကို ကူညီရန် ရင်းမြစ်များကို အထောက်အကူပြု ပေးလျက်ရှိ ပါသည်။

ထိုသို့ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ် စီမံကိန်းများ၊ ကျေးလက်စခန်းများနှင့် ကျေးလက်ဝန်ဆောင်မှုများကို မြှင့်တင်ဆောင်ရွက်ပေးစဉ်အတွင်း ကျေးရွာများနှင့် အိမ်ထောင်စုများထံသို့ သတင်းအချက်အလက်များ ရောက်ရှိစေရန် အထူး ဇုန်(၁၄)ဇုန်ကိုလည်း ယွမ် (၃၁)သန်း အကုန်အကျခံ၍ ကွမ်ရှီး၌ တည်ဆောက်ထားပါသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကဲ့သို့ လုပ်ငန်းများ၊ ဈေးကွက်အတွက် ပြုပြင် ထုတ်လုပ်ရာနေရာများ၊ သိုလှောင်ရုံများနှင့် ရောင်းချခြင်း၊ ကောင်းသတင်းပုံရိပ် တည်ဆောက် ခြင်း၊ အရောင်းမြှင့်တင်ခြင်းတို့ကို ပြီးပြည့်စုံသည့် ကုန်ထုတ်လုပ်မှု ကွင်းဆက်အဖြစ် အပြည့် အဝပေါင်းစည်းထားပါသည်။

လက်ရှိတွင် ကွမ်ရှီး၌ စမတ် (smart) နည်းပညာသုံး လယ်ယာစိုက်ပျိုးရေး ခြံပေါင်း (၄၆၅) ခြံနှင့် big data cloud platform ပေါင်း (၃၀)ရှိနေပြီဖြစ်ပါသည်။ smart နည်းပညာဖြင့် စိုက်ပျိုးမွေးမြူသည့် စီမံကိန်းပေါင်း (၆၅)ခုရှိကာ ၊ big data  နှင့် လယ်ယာစိုက်ပျိုးရေးကို ထဲထဲဝင်ဝင်ပေါင်းစပ်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့် အဓိကသရုပ်ပြ စီမံကိန်း ပေါင်း (၅၇) ခု ရှိပါသည်။

ကွမ်ရှီးဒေသတွင်းရှိ ဒစ်ဂျစ်တယ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှာ ဖွံ့ဖြိုးမှုအရှိန် အဟုန်ရရှိနေပြီး၊ ၎င်းတို့၏ အခန်းကဏ္ဍမှာလည်း သိသာထင်ရှားလာပါသည်။

ကွမ်ရှီးရှိ Ming Ming GuoYuan Group မှာ ပျားလိမ္မော်စိုက်ပျိုးရာ တစ်ဝိုက်တွင် သစ်သီးပင်များ၏ ဒစ်ဂျစ်တယ်မြေပုံကို ပထမဆုံး ဖွံ့ဖြိုးစေရန် ဆောင်ရွက်ခဲ့သည့် အုပ်စုဖြစ် ကာ၊ တရုတ် ထိပ်တန်းသစ်သီးတံဆိပ် (၅၀) နေရာသို့ ဝင်ရောက်ရန် ကော်ပိုရိတ် အမှတ် တံဆိပ်များကို မြှင့်တင်ဆောင်ရွက်ပေးခဲ့ပါသည်။

 ရင်းမြစ်၊ China Daily (၂-၇-၂၀၂၁)

Loading