ပြည်ပသတင်းများ

ဩစတြေးလျနိုင်ငံ၏ ထူးချွန်ပို့ကုန်တင်ပို့သူဆုပေးပွဲ ကျင်းပ မည်

ဩစတြေးလျနိုင်ငံ၏ ၅၉ ကြိမ်မြောက် ပို့ကုန်တင်ပို့သူ ဆုပေးပွဲကို ကျင်းပမည်ဖြစ်ရာ ပို့ကုန်တင်ပို့သူများ၏ အမည်စာရင်းများကို အဆိုပြုပေးကြစေလိုကြောင်း ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး၏ ၁-၇-၂၀၂၁ သတင်းထုတ်ပြန် ကြေညာချက်အရ သိရှိရပါသည်။ ဝန်ကြီးက အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် ဒေသတွင်း အဖွဲ့ အစည်းများအတွက်အထောက်အပံ့များကြောင့်ဩစတြေးလျနိုင်ငံစီးပွားရေးပြန်လည်ထူထောင် နိုင်ရန် ပို့ကုန်တင်ပို့သူများက ကူညီလျက်ရှိပါကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယားများ အရ ၂၀၂၁ ခုနှစ်၊ မေလတွင် ပို့ကုန်တန်ဖိုး အေဒေါ်လာ ၃၉ သန်းအထိရောက်ရှိခဲ့ရာ ယခုနှစ်တွင် ၃၄.၅ % တိုးတက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဩစတြေးလျတွင် အလုပ်နေရာ (၅) နေရာတွင် ကုန် သွယ်မှုက ၁ နေရာပါဝင်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အလုပ် (၁၀) နေရာတွင် ၁ နေရာ ပါဝင် ကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

အစိုးရသည် ဩစတြေးလျပို့ကုန်တင်ပို့သူများအတွက် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင် ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ COVID-19 ရိုက်ခတ်မှုခံခဲ့ရသည့် ပို့ကုန်တင်ပို့သူများ အတွက် ယူကေနိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှု ဒေသ သဘောတူစာချုပ်ကို မူအားဖြင့် သဘောတူညီပြီး ဖြစ်ပါသည်။ ယခုနှစ်ပေးအပ်မည့် ပို့ကုန်တင်ပို့သူဆုမှာ စိုက်ပျိုးရေး၊ အီလက် ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ရင်းမြစ်နှင့် ကျန်းမာရေး၊ ဇီဝနည်း ပညာစသည့် ကဏ္ဍများကို ကိုယ်စားပြုသည့် အုပ်စု (၁၃) တွင် အောင်မြင်လျက်ရှိသည့် ဩစတြေးလျပို့ကုန် စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ထားပြီး၊ အုပ်စုအလိုက် အနိုင်ရရှိ သူများထဲမှ ၂၀၂၁ ခုနှစ်အတွက် ဩစတြေးလျပို့ကုန်တင်ပို့သူများကို ရွေးချယ်မည်ဖြစ်ကြောင်း သိရှိရပါသည်။အဆိုပါ(၅၉)ကြိမ်မြောက်နှစ်စဉ် Australian Export Awards အတွက် လျှောက် လွှာများကို ၁-၇-၂၀၂၁ ရက်နေ့မှ ၆-၈-၂၀၂၁ အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း နှင့် ဆု ရရှိသူများကို နိုဝင်ဘာလထဲတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အစီ အစဉ်ကို ဩစတြေးလျ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဩစတြေးလျကုန်သည်အသင်းတို့က ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းသိရှိရပါသည်။

Source: www.trademinister.gov.au

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာ

Loading