ပြည်ပသတင်းများ

အနာဂတ်စီးပွားရေးအခြေအနေ အလားအလာကောင်းများ ကြောင့် ၂၀၂၁ ခုနှစ်၊ ပထမ (၆) လတွင် ဟောင်ကောင်ဒေသ အိမ်ခြံမြေကဏ္ဍ မြင့်တက်ခဲ့မှုမှာ (၂၄) နှစ်အတွင်း အမြင့်ဆုံးဖြစ်သွားခြင်း

ဟောင်ကောင်ဒေသ အိမ်ခြံမြေဈေးကွက်မှာ ‌အရောင်းအဝယ် သွက်လက်လျက်ရှိကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုမှ ပြန်လည်နာလန်ထူလာပြီဖြစ်သောကြောင့် လူနေအိမ်ရာ များအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်မြင့်တက်လာသောကြောင့် ၂၀၂၁ ခုနှစ်၊ ပထမ(၆)လတွင် ဟောင်ကောင်ဒေသအိမ်ခြံမြေကဏ္ဍ၌ ရောင်းဝယ်မှုများမြင့်တက်ခဲ့မှုမှာ(၂၄)နှစ် အတွင်း အမြင့်ဆုံး ဖြစ်သွားကြောင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ Lam Ka-sing က “Hong Kong’s real estate deals jump to 24- year high in first half buoyed by upbeat economic sentiment ” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။    အဆိုပါသတင်း၌ ယခင်နှစ်က COVID-19 ကြောင့် ဟောင်ကောင်ဒေသ စီးပွားရေး ကျဆင်းခဲ့ပြီး ၎င်းကာလတူအချိန်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင်အိမ်ခြံမြေကဏ္ဍ၌ (၇၄.၂) ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း၊ လူနေအိမ်ရာ၊ ရုံးခန်းများ၊ ကုန်ထုတ်လုပ်မှုနေရာများနှင့် ကားရပ်နား နေရာများ အစရှိသည်တို့ အားလုံးပါဝင်သည့် အိမ်ခြံမြေကဏ္ဍရောင်းဝယ်မှုမှာ ၁၉၉၇ ခုနှစ်၊ ပထမ (၆) လတွင် ဟောင်ကောင်ဒေါ်လာ (၄၈၃.၆) ဘီလီယံဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်၊ ပထမ (၆) လ တွင် ဟောင်ကောင်ဒေါ်လာ(၄၆၈.၇၁)ဘီလီယံ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူနေ အိမ်ရာအဟောင်းများ ရောင်းဝယ်မှုမှာ ဟောင်ကောင်ဒေါ်လာ (၂၈၀.၀၆) ဘီလီယံ ရာခိုင်နှုန်း အားဖြင့် (၆၀) ရာခိုင်နှုန်း နီးပါးရှိရာ ‌အိမ်ခြံမြေရောင်းချမှုစာရင်းတွင် ထိပ်ဆုံး၌ပါဝင်ပြီး အဓိက မောင်းနှင်အားဖြစ်ခဲ့ကြောင်း၊ဟောင်ကောင်ဒေသတွင်း အစိုးရဆန့်ကျင်ဆန္ဒပြမှုများမတိုင်မီ၂၀၁၉ ခုနှစ်၊မေလအထိ လူနေအိမ်ရာ ဈေးနှုန်းမှာ မြင့်မားခဲ့ပြီး (၀.၈) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယခုနှစ် တွင် လူနေအိမ်ရာအဟောင်းများ ဈေးနှုန်းမှာ (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိ မြင့်တက်နိုင် ချေရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသရှိ Kowloon Bay International Trade and Exhibition Centre အား ၂၀၂၁ ခုနှစ်၊ ဇွန်လက ဟောင်ကောင်ဒေါ်လာ (၁၀.၅)ဘီလီယံဖြင့် ရောင်းဝယ်ခဲ့မှုမှာ ဈေးနှုန်း မြင့်မားသည့် ရောင်းဝယ်မှုများထဲမှ တစ်ခုဖြစ်ကြောင်း၊ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လျှင် တရုတ်ပြည်မကြီးမှ ရန်ပုံငွေများ ပြန်လည်ရရှိနိုင်ပြီး စီးပွားရေး ပြန်လည်ကောင်းမွန်လာနိုင် ကြောင်း၊ ရုံးခန်းနေရာများ ရောင်းဝယ်မှုများမှာလည်း စီးပွား‌ရေး ပြန်လည်နာလန်ထူမည့် လက္ခဏာ ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများ ပုံမှန်ပြန်လည်နာလန်ထူရန် မျှော်မှန်းပြီး အိမ်ခြံမြေရောင်းဝယ်မှုများဆောင်ရွက်ခြင်းမှာ မဟာဗျူဟာကျရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ဟောင်ကောင်ဒေသ၏ နိုင်ငံတကာအတွက်အရေးပါသည့် ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့‌ဆောင် ရေး အချက်အချာကျသည့် ဗဟိုဌာနအနေဖြင့် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်

Loading