ပြည်ပသတင်းများ

ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးအကြား လာမည့်လတွင် နယ်မြေဖြတ်ကျော်ခရီးသွားလာမှုများ အကန့်သတ်ဖြင့် ခွင့်ပြု သွားလာနိုင်မည့် အနေအထားရှိခြင်း

COVID-19 ကူးစက်မှုအခြေအနေမှ လုံခြုံစိတ်ချမှုများရှိလျှင် ဟောင်ကောင်နှင့် တရုတ် ပြည်မကြီးအကြား စောင့်ကြပ်ကြည့်ရှုမှု (Qurantine) ကင်းလွတ်သည့် နယ်စပ်ဖြတ်ကျော် ခရီး သွားလာမှုများ ပြန်လည်ဖွင့်လှစ်၍ဆောင်ရွက်သွားနိုင်ကြောင်း၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Guo Rui နှင့် Josephine Ma တို့က “HK and mainland could see ‘limited travel next month’”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ အိမ်ခြံမြေဈေးကွက်မှာ‌ အရောင်းအဝယ် သွက်လက်လျက်ရှိ ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုမှ ပြန်လည်နာလန်ထူလာပြီ ဖြစ်သောကြောင့် လူနေအိမ်ရာများအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်မြင့်တက်လာသောကြောင့် ၂၀၂၁ ခုနှစ်၊ ပထမ (၆) လတွင် ဟောင်ကောင်ဒေသအိမ်ခြံမြေကဏ္ဍ၌ရောင်းဝယ်မှုများ မြင့်တက်ခဲ့မှုမှာ (၂၄) နှစ်အတွင်း အမြင့်ဆုံး ဖြစ်သွားကြောင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Lam Ka-sing က “Hong Kong’s real estate deals jump to 24- year high in first half buoyed by upbeat economic sentiment ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်း၌ ယခင်နှစ်က COVID-19 ကြောင့် ဟောင်ကောင်ဒေသ စီးပွားရေး ကျဆင်းခဲ့ပြီး ၎င်းကာလတူအချိန်နှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် အိမ်ခြံမြေကဏ္ဍ ရောင်းဝယ်မှု၌ (၇၄.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ လူနေအိမ်ရာ၊ ရုံးခန်းများ၊ ကုန်ထုတ်လုပ်မှုနေရာများနှင့် မော်တော်ယာဉ်ရပ်နားနေရာများ အစရှိသည်တို့ အားလုံးပါဝင်သည့် အိမ်ခြံမြေကဏ္ဍရောင်းဝယ်မှု မှာ ၁၉၉၇ ခုနှစ်၊ ပထမ (၆) လတွင် ဟောင်ကောင်ဒေါ်လာ (၄၈၃.၆) ဘီလီယံဖြင့် အမြင့်ဆုံးဖြစ်ခဲ့ ပြီး ယခု ၂၀၂၁ ခုနှစ်၊ ပထမ (၆) လ တွင် ဟောင်ကောင်ဒေါ်လာ(၄၆၈.၇၁)ဘီလီယံ မြင့်တက် ခဲ့ခြင်း ဖြစ်ကြောင်း၊ လူနေအိမ်ရာအဟောင်းများ ရောင်းဝယ်မှုမှာ ဟောင်ကောင်ဒေါ်လာ (၂၈၀.၀၆) ဘီလီ ယံရာခိုင်နှုန်းအားဖြင့် (၆၀) ရာခိုင်နှုန်း နီးပါးရှိရာ ‌အိမ်ခြံမြေရောင်းချမှု စာရင်းတွင် ထိပ်ဆုံး၌ပါ ဝင်ပြီး အဓိက မောင်းနှင်အားဖြစ်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသတွင်း အစိုးရဆန့်ကျင် ဆန္ဒပြမှု မတိုင်မီ ၂၀၁၉ ခုနှစ်၊ မေလအထိ လူနေအိမ်ခန်း ဈေးနှုန်းမှာ မြင့်မားခဲ့ပြီး (၀.၈) ရာခိုင်နှုန်းရှိခဲ့ ကြောင်း၊ ယခုနှစ်တွင် လူနေအိမ်ရာ အဟောင်းများ ဈေးနှုန်းမှာ (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်း အထိ မြင့်တက်နိုင်ချေရှိကြောင်း ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်

Loading