ပြည်ပသတင်းများ

ကုန်သွယ်မှုတိုးမြှင့်စေရေးအတွက် နယ်စပ်ဂိတ်များပြန်လည် ဖွင့်လှစ်ရန် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိခြင်း

အစိုးရအနေဖြင့် ပြန်လည်နာလန်ထူလာသည့် လက္ခဏာများ ပြသခဲ့သည့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတိုးမြှင့်စေရန် နယ်စပ်စစ်ဆေးရေးဂိတ် (၁၁) ခုကို ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဆွေးနွေးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဂျူရင်လက်ဆာနာဝီဆစ် ၏ပြောကြားချက်အရနယ်စပ်စစ်ဆေးရေးဂိတ်များ   ပိုမိုဖွင့်လှစ်ခြင်းသည် ယခုနှစ် ကျန်ရှိသောလများအတွင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို များစွာမြှင့်တင်စေမည်ဖြစ်ကြောင်း သိရှိရ ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် Covid-19 ဖြစ်ပွားမှုကြောင့် နယ်စပ်  စစ်ဆေးရေးဂိတ်ပေါင်း (၉၇)ခု ရှိသည့်အနက် (၅၁) ခုမှာပိတ်ထားဆဲဖြစ်ကြောင်းသိရှိရပါသည်။ မစ္စတာဂျူရင်၏အဆိုအရ နယ်စပ်စစ်ဆေးရေးဂိတ်များအနက် ဆွေးနွေးလျက်ရှိသော ဂိတ် (၁၁) ခုမှာ ချင်းမိုင်ရှိ ချန်းမ်ပေါင် Chaem၊  Loei ရှိ Pong  Chiang Khan နယ်စပ်စစ်ဆေးရေးဂိတ်၊ Nong Kh ai ရှိ Ban Mo and The Sadet စစ်ဆေးရေးဂိတ်၊ Narathiwat ရှိ Buketa and Tak Bai နယ်စပ်စစ်ဆေးရေးဂိတ် တို့ဖြစ်ကြောင်းသိရှိရပါသည်။

မစ္စတာဂျူရင်က ၎င်းအနေဖြင့် Ubon Ratchathani ၊ Amnat Charoen နှင့် Si Sa Ket တို့ရှိ နယ်စပ်စစ်ဆေးရေးဂိတ်များသို့ ဇူလိုင်လ (၉) ရက်နေ့မှ(၁၁) ရက်နေ့အထိ သွားရောက်ရန် စီစဉ်ထားကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေ ဖြင့် ပို့ကုန်တင်ပို့ခြင်းဆိုင်ရာအတားအဆီးအခက်အခဲများကို ဖယ်ရှားပေးရန်နှင့် SMEs များ နှင့်Macro SMEs များကို ချေးငွေအသစ်များရရှိစေရန်အတွက် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက၊ အများပြည်သူများနှင့်ဆက်စပ်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်း ညိှနှိုင်းရေးကော်မတီတို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထားခဲ့ သည်ဟု သိရှိရပါသည်။

ဝန်ကြီးမစ္စတာဂျူရင်က တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုအပါအဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှာ ယမန်နှစ်ကရရှိခဲ့သော (၁.၃) ထရီလီယံထက်ကျော်လွန်၍ ယခုနှစ်တွင် (၃%-၆%)

အထိတိုးမြင့်နိုင်ကြောင်း၊ ဘတ်ငွေအားဖြင့် (၁.၄) ထရီလီယံအထိ ရရှိနိုင်မည်ဟုခန့်မှန်း ပြောကြား ခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်ပထမ(၅) လအတွက်တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှာ ဘတ်ငွေစုစုပေါင်း (၆၇၇.၀၇) ဘီလီယံရရှိခဲ့ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကာလတူထက် (၂၉.၁၅%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနက် နယ်စပ်ကုန်သွယ် မှုမှာ အဆိုပါကာလအတွက် (၁၉.၈၅%) တိုးတက်ခဲ့ပြီးဘတ်ငွေ (၃၇၁) ဘီလီယံရရှိခဲ့ကြောင်း၊ တစ် ဆင့်ဖြတ်သန်းကုန်သွယ်မှုမှာ စုစုပေါင်းအားဖြင့်ဘတ်ငွေ (၃၀၆.၀၃) ဘီလီယံရရှိခဲ့ပြီး (၄၂.၅၇%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံထက်ပိုသော နိုင်ငံများ ပါဝင်နေခြင်းဖြစ်ပါ သည်။ နယ်စပ်ကုန်သွယ်မှုတွင် မလေးရှားနိုင်ငံမှာ တန်ဖိုးအားဖြင့်အကြီးမားဆုံးသော ကုန်သွယ် ဖက်နိုင်ငံဖြစ်ကြောင်းသိရှိရပါသည်။ ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့အနေဖြင့် အပြန်အလှန်ကုန် သွယ်မှုပမာဏမှာဘတ်ငွေ(၁၃၄.၄) ဘီလီယံရှိခဲ့ပြီး(၅၃%)တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းနောက် တွင်လာအိုနှင့် အပြန်အလှန်ကုန်သွယ်မှု ပမာဏမှာဘတ်ငွေ (၈၇.၃) ဘီလီယံရှိပြီး(၁၃.၃%)တိုး တက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အပြန်အလှန်ကုန်သွယ်မှုပမာဏမှာ ဘတ်ငွေ(၇၈.၈) ဘီလီယံရှိခဲ့ပြီး (၆.၉%) တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် အပြန်အလှန်ကုန် သွယ်မှုပမာဏမှာဘတ်ငွေ(၇၀.၃) ဘီလီယံရှိခဲ့ပြီး (၀.၆၈%) ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

မလေးရှားနိုင်ငံသို့ အဓိကတင်ပို့သောကုန်ပစ္စည်းများတွင် ရာဘာ၊ ကွန်ပျူတာများနှင့် အစိတ်အပိုင်းများ၊ မော်တော်ကားများနှင့်အစိတ်အပိုင်းများဖြစ်ကြောင်း၊  unwrought gold၊ ဒီဇယ် နှင့်ခရီးသည်တင်ကား တို့မှာလာအိုနိုင်ငံသို့ အဓိကတင်ပို့ကုန်များဖြစ်ကြောင်း သိရှိရပါသည်။ ကမ္ဘောဒီးယားသို့ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ အယ်လ်ကိုဟောမပါဝင်သော အချိုရည် များ၊ ခရီးသည် တင်ကားများ၊ မော်တော်ဆိုင်ကယ်နှင့် အစိတ်အပိုင်းများဖြစ်ကြပြီး မြန်မာနိုင်ငံသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ အယ်လ်ကိုဟောမပါဝင်သော အချိုရည်များ၊ ဒီဇယ်များ၊ ဟင်းခတ် အမွှေးအကြိုင်နှင့် ဆေးဖက်ဝင်အပင်များတို့ဖြစ်ကြကြောင်း သိရှိရပါသည်။

တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုမှာ ဈေးကွက်အားလုံးတို့တွင် တိုးတက်လာခဲ့ကြောင်း၊ တရုတ်ပြည်တောင်ပိုင်းနှင့် တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုမှာ (၅၄.၈%) အထိတိုးတက်လာပြီး ဘတ်ငွေ (၁၄၀.၄) ဘီလီယံရရှိခဲ့ကြောင်း၊ စင်္ကာပူနှင့်(၂၈.၇%) တိုးတက်ခဲ့ပြီးဘတ်ငွေ (၄၆.၄) ဘီလီယံရရှိခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံနှင့်(၁၅.၇%) တိုးတက်ခဲ့ပြီးဘတ်ငွေ(၂၈.၅) ဘီလီယံရရှိ ခဲ့ကြောင်း၊ အခြားနိုင်ငံများနှင့်တစ်ဆင့် ဖြတ်သန်းကုန်သွယ်မှုမှာ (၄၃.၃%) တိုးတက်ခဲ့ပြီးဘတ်ငွေ (၉၀.၅) ဘီလီယံရရှိခဲ့ကြောင်းသိရှိရပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်

Loading