ပြည်ပသတင်းများ

၂၀၂၀-၂၀၂၁ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံ၌ ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တန်ချိန် ၁၂၇.၅ သန်း အထိထွက်ရှိနိုင်ရန် ခန့်မှန်း

၂၀၂၀-၂၀၂၁ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံ၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုသည် တန်ချိန် ၁၂၇.၅ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး အဆိုပါစိုက်ပျိုးထွက်ရှိမှုသည် အာဂျင်တီးနား နိုင်ငံ၏ သီးနှံမှတ်တမ်းတွင် တတိယအကြိမ်မြောက် အများဆုံးထုတ်လုပ်နိုင်မှုဖြစ်ကြောင်း Rosario Cereal Exchange ၏သတင်းတွင် ဖော်ပြခဲ့သည်။ သီးနှံများအနက် အစေ့ထုတ်ပြောင်းအား အဓိက စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၅၀ သန်းအထိ ထွက်ရှိခဲ့ကြောင်း၊ ဒုတိယ အများဆုံး စိုက် ပျိုးသည့်သီးနှံမှာ ပဲပုတ်စေ့ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၄၅ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံ၏ အဓိကသီးနှံများစိုက်ပျိုးမှုများတွင် လျှော့ကျခဲ့ကြောင်း၊  စုစုပေါင်းစိုက်ပျိုးမြေ ဟက်တာ ၃၈.၇ သန်းကိုသာ စိုက်ပျိုးခဲ့ကြောင်း၊ နှံစားပြောင်းစိုက်ပျိုးမှုတွင် မြေဟက်တာ ၄၃၀,၀၀၀ ရှိခဲ့ရာမှ ဟက်တာ ၉၅၀,၀၀၀ အထိတိုးတက်ခဲ့ကြောင်း၊ သီးနှံစိုက်ပျိုးချိန်တွင် မိုးရေချိန်လုံလောက် စွာမရရှိခဲ့သဖြင့် ဂျုံစိုက်ပျိုးမြေ ဟက်တာ ၃၀၀,၀၀၀ အထိလျှော့ကျခဲ့ကြောင်း၊ နိုင်ငံ၏အဓိက သီးနှံဖြစ်သည့် ပဲပုတ်စေ့စိုက်ပျိုးမှုများတွင် လျှော့ကျခဲ့ပြီး ပဲပုတ်စေ့ထုတ်လုပ်မှုတွင် တန်ချိန် ၅ သန်း အထိ လျှော့ကျနိုင်ကြောင်း စတော့ဈေးကွက်၏ သတင်းတွင်ဖော်ပြထားသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံ၏ စုစုပေါင်းသီးနှံထုတ်လုပ်မှုပမာဏသည် တန်ချိန် ၉၃.၄ သန်းအထိရှိခဲ့ကြောင်း၊ ၎င်းတို့မှ နှံစားသီးနှံနှင့် ဆီထွက်သီးနှံစုစုပေါင်း တန်ချိန် ၅၆.၈ သန်းအား ပြည်ပသို့တင်ပို့ခဲ့ကြောင်း၊ တန်ချိန် ၃၆.၆ သန်းအား ပြည်တွင်းကြိတ်ခွဲမှုများတွင် ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း၊ ပြောင်းစေ့နှင့်ဂျုံများအား ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့ခဲ့သဖြင့် ၂၀၁၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ပြည်တွင်းကြိတ်ခွဲမှုပမာဏတွင်လျှော့နည်းခဲ့ကြောင်း စတော့ ဈေးကွက်သတင်း တွင်ဖော်ပြခဲ့သည်။

ပြည်တွင်းစားသုံးမှုများအနက် သီးနှံတန်ချိန် ၁၈.၈ သန်းမှာ ပြည်တွင်းစက်မှုလုပ်ငန်း များတွင် အသုံးပြုကြိတ်ခွဲထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ထွက်ရှိသည့်သီးနှံများအနက် တန်ချိန် ၄.၂ သန်းအားဆီ(ဟင်းချက်ဆီ၊ ဇီဝလောင်စာ၊ အသားလှဆီ စသည်ဖြင့်) ကြိတ်ခွဲစက်လုပ်ငန်းများတွင် အသုံးပြုကြောင်းနှင့် သီးနှံတန်ချိန် ၁၄.၇ သန်းအား ကြိတ်ခွဲစက်များတွင် အသုံးပြု၌ အသုံးပြုကြောင်း စတော့ဈေးကွက် သတင်းတွင်ဖော်ပြထားသည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading