ပြည်ပသတင်းများ

စိန်ခေါ်မှုကာလပြီးနောက် ဝိုင်ဈေးကွက်အနေဖြင့် ပြန်လည် အားယူနေခြင်း

Penfolds International ကုမ္ပဏီမှ အထွေထွေမန်နေဂျာ Yodi Mootoosamy ကထိုင်း နိုင်ငံရှိ ဝိုင်ဈေးကွက်သည် ကပ်ရောဂါစတင်ဖြစ်ပွားသည်မှစတင်၍ အမျိုးမျိုးသောအရက်များ အားတားမြစ်ခြင်း၊ အွန်လိုင်းအရောင်းများအားတားမြစ်ခဲ့ခြင်း၊ နိုင်ငံခြားသားခရီးသွားများ မရှိ တော့ခြင်းနှင့်စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းများကျဆင်းသွားခြင်းစသည့် ပြဿနာပေါင်းများစွာ နှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ဝိုင်ဈေးကွက်သည် နှစ်ပေါင်းများစွာကြီးထွားတိုးတက်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင် ပမာဏလျှော့ကျသွားခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ၎င်းမှာ ယခုနှစ်အတွင်း ကန့်သတ်မှုများ၊ပိတ်ဆို့တားမြစ်မှုများနှင့် နယ်စပ်ထိန်းချုပ်မှုများကြောင့် ဖြစ်နိုင်ဖွယ်ရာရှိကြောင်း Mr. Mootoosamy ကပြောကြားခဲ့ပါသည်။ ဩစတြေလျဝိုင်ထုတ်လုပ်သူများ၏ လေ့လာချက်အရ ထိုင်းဝိုင်သောက်သုံးသူများ၏ (၆၀%) ကျော်က ၎င်းတို့၏ ဝင်ငွေများမှာ ကပ်ရောဂါ၏ ရိုက်ခတ်မှု များနှင့်ကြုံတွေ့ခဲ့ရကြောင်း၊၎င်းဖြစ်ရပ်ကအယ်လ်ကိုဟောသုံးစွဲမှုအပေါ်လျော့နည်းစေကြောင်းဆိုပါသည်။သောက်သုံးသူတစ်ဉီးလျှင်အယ်လ်ကိုဟောသောက်သုံးမှု(၂၁%)ကျဆင်းခဲ့ကြောင်းကုမ္ပဏီကခန့်မှန်းထားပါသည်။

ထိုင်းနိုင်ငံသည် အာဆီယံတွင် အဓိကဝိုင်သောက်သုံးသောနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၀ခုနှစ် တွင်ဝိုင်သောက်သုံးမှု စုစုပေါင်းလီတာပေါင်း (၁၀၃.၃)သန်းရှိခဲ့ကြောင်းသိရှိရပါသည်။ ပြင်သစ်ဝိုင် မှာလူကြိုက်အများဆုံးဖြစ်သော်လည်း ထိုင်းနှင့်ဩစတြေလျတို့အကြား FTA သဘောတူညီချက် ကြောင့် သွင်းကုန်ခွန်များသိသိသာသာလျော့နည်းသွားခြင်းကြောင့် ဩစတြေလျဝိုင်တင်သွင်းမှုမှာ လူကြိုက်များလာခဲ့ကြောင်းသိရှိရပါသည်။ ထိုင်းစားသုံးသူများအကြား ဝိုင်ကိုပိုမိုစိတ်ဝင်စား လာကြသော်လည်းဝိုင်အမျိုးအစားများကို ထုံးတမ်းအစဉ်အလာအရရွေးချယ်မှုတွင် ခြိမ်းခြောက်မှု များရှိနေကြောင်း၊ စင်ပေါ်တွင်ရွေးချယ်ရန် ဝိုင်တံဆိပ်များစွာရှိနေကြောင်း၊ သို့ရာတွင် အများအပြား ကိုမမှတ်မိနိုင်ကြောင်း၊ စားသုံးသူများအနေဖြင့် ဝိုင်များအပေါ်မည်ကဲ့သို့ ခွဲခြားရမည်ဆိုသည်နှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့်ဈေးနှုန်းကို အသုံးပြုကြလိမ့်မည်ဖြစ်ကြောင်းသိရှိရပါသည်။          Mr. Mootoosamy ကမူဝိုင်ရောင်းချရမှုမှာ ကျဆင်းနေသော်လည်း အိမ်တွင်းဝိုင်စား သုံးမှုမှာကြီးထွားလျှက်ရှိနေကြောင်း၊ ဩစတြေးလျဝိုင်များမှာ ထိုင်းနိုင်ငံ၏အစားအစာနှင့် အဖျော် ယမကာကဏ္ဍတိုးတက်မှုနှင့်အတူ လိုက်ပါတိုးတက်လာကြောင်း၊ အထူးသဖြင့်ဗန်ကောက်ရှိ ကောင်းမွန်သော ညစာစားပွဲများကြောင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာတွင်ဩစတြေးလျ ဝိုင်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ကြောင်းသိရှိရပါသည်။

Mr. Mootoosamy က စားသောက်ဆိုင်များတွင် အရက်ရောင်းချမှုကို လက်ရှိအားဖြင့် တားမြစ်ခြင်းကဲ့သို့သော အစိုးရ၏တားမြစ်ကန့်သတ်ချက်များ၏ ရလဒ်ကြောင့် ဝိုင်ရောင်းအား ကျဆင်းလာခဲ့သော်လည်း အိမ်တွင်းဝိုင်စားသုံးမှုမှာမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ၂၀၂၀ ခုနှစ်တွင် တစ်လနီးပါးခန့် အယ်လ်ကိုဟောရောင်းချမှုတားမြစ်ခဲ့ခြင်း၊ အစိုးရ၏ စားသောက်ဆိုင်များ၌ အယ်လ်ကိုဟောရောင်းချမှုကို ကန့်သတ်တားမြစ်ခြင်းတို့ကြောင့် ဝိုင်လုပ် ငန်းမှာ ထိခိုက်ခဲ့ရကြောင်း၊ ပြည်တွင်းရှိလူများထက် ဝိုင်ပိုမိုသောက်သုံးကြသော နိုင်ငံခြားသား ခရီးသွားများမရှိတော့ခြင်းကလည်း ၂၀၂၀ ခုနှစ်မှသည် ယခုအထိ ဝိုင်ရောင်းအားကိုကျဆင်းစေ ခဲ့ကြောင်း သိရှိရပါသည်။

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်

Loading