ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် (ပဲမျိုးစုံ) ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ(သင်္ဘောတင်)၊ ပဲစင်းငုံ(သင်္ဘော တင်)၊ ပဲတီစိမ်းများမှာ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်များခြင်းနှင့် ပြောင်းလဲလိုက်သော မူဝါဒများကြောင့် အိန္ဒိယနိုင်ငံသို့ ယခုနှစ် အောက်တိုဘာလအထိ ပဲတင်သွင်းခွင့် ပြုထား ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သောလများအတွင်း မြင့်တက်လာသော ပဲဈေးနှုန်း များအား ထိမ်းချုပ်ရန်နှင့် ယခုရာသီအတွင်း သိုလှောင်ပဲ လက်ကျန်ပမာဏ လျော့နည်းနေ ခြင်းအား ဖြည့်ဆည်းရန်  မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် (၂၅၀၀၀၀) အား လည်းကောင်း၊ ပဲစင်းငုံတန်ချိန် (၁၀၀၀၀၀)အားလည်းကောင်း (၅)နှစ်အတွက် ဝယ်ယူရန် နားလည်မှု စာချွန် လွှာ (MOU) လက်မှတ်ရေးထိုး ခဲ့ပြီးသည်။  ထို့အပြင် မာလာဝီ၊ တန်ဇန်းနီးယား၊ ဆူဒန်နှင့် အီသီယိုပီးယား နိုင်ငံများမှလည်း အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံ ဝင်ရောက်မှုရှိကြောင်း သိရသည်။

ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများမှာ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲဈေးနှုန်းများ မြင့်တက်နေမှုအားထိမ်းချုပ်ရန် အိန္ဒိယအစိုးရသည် ကြားဝင်ထိမ်းကျောင်း လျက်သည်။ အိန္ဒိယနိုင်ငံသို့ မြန်မာ့ ပဲစင်းငုံအပြင် မာလာဝီ၊ တန်ဇန်းနီးယား၊ ဆူဒန် နှင့် အီသီယိုးပီးယား နိုင်ငံတို့ထံမှလည်း ပဲစင်းငုံများ ပုံမှန်ဝင်ရောက်လျက် ရှိခြင်းကြောင့်လည်း ကောင်း၊ အိန္ဒိယရှိ ပြည်နယ်အချို့တွင် ဒေသအာဏာပိုင်များသည် ပြည်သူ့ရိက္ခာဆိုင်များမှ တဆင့် ပဲများအားဖြန့်ဖြူး ရောင်းချမှုများ ရှိလာခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယသို့ ပြည်ပ ပဲစင်းငုံများ မှန်မှန် ဝင်ရောက်လျက်ရှိခြင်းကြောင့် အိန္ဒိယ ကုန်သည်များမှ ချိန်ဆဝယ်ယူခြင်း မျာ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယပြည်တွင်း ဈေးနှုန်းများအား ဆက်လက် ဈေးနိမ့်စေခဲ့သည်။ အိန္ဒိယသို့ တိုက်ရိုက်ကုန်တင်မည့် သင်္ဘောမှာ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေခဲ့သော်လည်း အိန္ဒိယ ဝယ်လက်များမှ အဝယ်မသွက်ခဲ့ခြင်းကြောင့် မြန်မာ့ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် (၁၀၉၂၅၀၀) ကျပ် မှ (၁၀၈၀၀၀၀) ကျပ်သို့ ဆက်လက်ဈေးနိမ့်ခဲ့ကြောင်းသိရသည်။ ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆) ရက် ရှိခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာ ကုန်သေတ္တာ (၅) လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

မတ်ပဲ(သင်္ဘောတင်) ဈေးနှုန်းများမှာလည်း အလားတူ အခြေအနေများ ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော လများအတွင်း မြင့်တက်လာသော ပဲဈေး နှုန်းများအား ထိမ်းချုပ်ရန်နှင့် ယခု ရာသီအတွင်း သိုလှောင်ပဲလက်ကျန် ပမာဏ လျော့နည်း နေခြင်းအား ဖြည့်ဆည်းရန်  မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် (၂၅၀၀၀၀)အား (၅)နှစ် အတွက် ဝယ်ယူရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ပြီးသည်။ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစိုက် မတ်ပဲအသစ်အချို့ ဈေးကွက်သို့ အဝင်ရှိ လာခြင်း၊ မြန်မာမတ်ပဲများ အိန္ဒိယသို့ ပုံမှန်ဝင်ရောက်မှုရှိလာခြင်း၊ အထက်ပါအခြေ အနေများ ကြောင့် အိန္ဒိယကုန်သည်များနှင့် ပဲခွဲစက်များမှ ပဲအဝယ်လျော့နည်းနေခြင်း စသည့်အခြေ အနေများကြောင့် မတ်ပဲ(သင်္ဘောတင်)မှာ  တစ်တန်လျှင် (၁၀၉၄၀၀၀)ကျပ် မှ (၁၀၈၀၀၀၀) ကျပ်သို့ ယခင်အပတ်ထက် ဈေးနိမ့်ခဲ့သည်။ ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆)ရက် ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ (၃၀)လုံးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရသည်။

ပဲတီစိမ်းမှာ ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းလာခြင်း၊ အိန္ဒိယဝယ်လက်အပြင် ဥရောပသမဂ္ဂမှပုံမှန်ဝယ်ယူမှုရှိခြင်း၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့လည်း နယ်စပ်ဂိတ်များမှ တင်ပို့ရန် ပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် (၃)တင်း/(၆၀ပိဿာ)လျှင် (၁၁၈၅၀၀) ကျပ်မှ (၁၂၁၀၅၀) ကျပ် သို့ ဈေးမြင့်ခဲ့သည်။

ထောပတ်ပဲနှင့် ကုလားပဲ များမှာလည်း လက်လီသမားများသာ ဝယ်ယူမှုရှိခြင်း ကြောင့် အရောင်းအဝယ်အေးခြင်းကြောင့် ထောပတ်ပဲမှာ ပျမ်းမျှအားဖြင့် (၃)တင်း/(၆၀) ပိဿာ လျှင် (၇၅၇၅၀)ကျပ် ဖြစ်သည်။ ကုလားပဲမှာ ပျမ်းမျှအားဖြင့် (၁) ပိဿာလျှင် (၁၅၂၈) ကျပ် ဖြစ်သည်။

 ပဲလွမ်းဖြူ နှင့် ဘိုကိတ်ပဲမှာ ဈေးကွက်သို့ ပဲအဝင်နည်းခြင်းနှင့် ပြည်ပဝယ်လက်များမှ ဝယ်ယူမှုရှိခြင်းကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ပဲလွမ်းဖြူဈေးနှုန်းမှာ ပျမ်းမျှ အားဖြင့် (၃)တင်း/ (၆၀)ပိဿာလျှင် (၁၂၆၄၅၀) ကျပ် မှ (၁၃၉၉၅၀) ကျပ်သို့ ဈေးမြင့်ခဲ့ဖြစ် သည်။ ဘိုကိတ်ပဲ ဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် (၃)တင်း/(၆၀) ပိဿာလျှင် (၉၀၀၀၀)ကျပ်  မှ (၉၅၁၀၀)ကျပ် ဖြင့် ဈေးမြင့်ခဲ့သည်။

အေးသန္တာဝင်း                                                                                                                                                ရန်ကုန်ဈေးကွက်

၃၀-၆-၂၀၂၁

Loading