သတင်းများ

မန္တလေးဈေးကွက် (ဟင်းသီးဟင်းရွက်) ရောင်းဝယ်ဖောက် ကားမှု အခြေအနေ

ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ပြင်ဦးလွင်မှ စားပြောင်းများ အဝင်များခြင်း၊ မြို့တွင်းလက်လီ သမားအဝယ်သာရှိခြင်းကြောင့် ၁၀၀ ဖူးလျှင် ၉၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်ဈေးရှိပါသည်။ အင်းလေးမှ ခရမ်းချဉ်များအဝင်နည်း ပစ္စည်းရှားခြင်းကြောင့် ၂၀ ပိဿာဝင် တစ်သေတ္တာလျှင် ၄၁၀၀၀ ကျပ်၊ ပြင်ဦးလွင် နောင်ချိုမှ ၁၂ ပိဿာဝင်ခြင်းများဖြင့် လာသော  ကျင်းသီး  တစ်ခြင်းလျှင်  ၂၅၀၀၀ ကျပ်ဖြင့် ဈေးများ မြင့် နေပါသည်။ ငရုတ်စို(ရှည်) မှာ မုံရွာ၊ ချောင်းဦး၊ မိတ္ထီလာအခင်းများ အားယူချိန်ဖြစ်၍ မိတ္ထီလာမှ ဝင်ရောက် ပြီး စတင်ဆွတ်ခူးစဖြစ်၍  ၁ ပိဿာလျှင် ၁၇၀၀ ကျပ်၊  မုံရွာဘက်မှ  ငရုတ်စို(လတ်)  အဝင်နည်း ၊  ပစ္စည်းရှားခြင်း၊ လက်ဖက်၊ ငပိထောင်းသမားဝယ်ယူမှုရှိခြင်းကြောင့် ၁ ပိဿာလျှင် ၃၂၀၀ ကျပ်၊ မုံရွာမှ ငရုတ်ပွများ ၁ ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် ဈေးမြင့်နေပါသည်။ ခရမ်းသီးများ ကျောက်ဆည်မှ မဝင်သေး ခြင်း၊ နောင်ချို၊ ပြင်ဦးလွင်မှ ဝင်ရောက်ပြီးအဝင်နည်းခြင်းကြောင့် ၁ ပိဿာ  ၆၀၀ ကျပ်ထိ  ဈေးမြင့်နေပါ သည်။ မုန်လာဉနီမှာ  အရည်အသွေးကောင်းခြင်း ၊  အဝင်နည်းခြင်းကြောင့် ၁ ပိဿာလျှင် ၁၈၀၀  ကျပ်ဖြင့် ဈေးမြင့်နေပါသည်။ သခွားသီး ဈေးနှုန်းအနေဖြင့် ကျောက်ဆည်သခွား(လတ်)များ၊ မတ္တရာ၊ မုံရွာမှ ဆတ် တွန့်သီးများ ဝင်ရောက်ခြင်း၊ မြို့တွင်းသုံးအရံသီးနှံမျှသာဖြစ်ခြင်းကြောင့် ၁၀၀ လုံးလျှင် ၇၀၀၀ ကျပ် မှ ၈၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပါသည်။

မန္တလေး – မူဆည် ကုန်ပို့ဆောင်မှုအနေဖြင့် ကျင်စန်းကျော့ဂိတ်တစ်ခုသာ ပို့ဆောင်မှုရှိပြီး ပဲတီစိမ်း၊ နှမ်း အနည်းငယ်သာ တင်ပို့မှုရှိခြင်းကြောင့် တင်ဆောင်ခမှာ ယခင်အပတ်ထက် ၁ ပိဿာလှျင် ၂၀၀ ကျပ် မှ ၁၆၀ ကျပ်သို့ ဈေးနိမ့်သွားပါသည်။ တစ်နေ့လျှင် တွဲကား ၅၀ မှ ၁၀၀ စီး ပုံမှန်ထွက်ရှိကြောင်း တွဲကားတစ်စီးတွင် ကုန်ချိန် ၂၀,၀၀၀ ပိဿာ တင်နိုင်ကြောင်း ကားဂိတ်မှ သိရသည်။

ခင်မေကြည်၊ လ/ထညွှန်ကြားရေးမှူး

မန္တလေးဈေးကွက်

(၃၀.၆.၂၀၂၁)

Loading