ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် (စားဖိုဆောင်သီးနှံ) ရောင်းဝယ်ဖောက်ကား မှု အခြေအနေ

စားဖိုဆောင်သီးနှံများအနေဖြင့် ကြက်သွန်နီများ ဒေသစုံမှ ဝင်ရောက်သော်လည်း မြို့တွင်းသုံး ဝယ်ယူမှုရှိ၍ ၁ ပိဿာ ၃၅၀ ကျပ် မှ ၄၀၀  ကျပ် သို့ ဈေးမြင့်လာပြီး အာလူးဈေးမှာ အောင်ပန်းမှ အဝင် ပုံမှန်၊ စားသုံးမှုပုံမှန်ဖြင့် ဈေးတည်ငြိမ်နေပါသည်။ ငရုတ်ခြောက်ဈေးနှုန်းမှာ ကျောက်ဆည်ဘက်မှ ငရုတ်ရှည်များဝင်ရောက်ပြီး ၁ ပိဿာလျှင် ၄၆၀၀ ကျပ် ၊ ငရုတ်ခြောက် (လတ်)   မှာ ၁ ပိဿာ လျှင် ၃၀၀၀ ကျပ် မှ ၃၅၀၀ ကျပ်  အထိအရည်အသွေးပေါ်  မူတည်၍ ရောင်းဝယ်မှုရှိပြီး  ငရုတ်ပွမှာ ပုလိပ်ပွများဖြစ်ပြီး ၁ ပိဿာလျှင် ၉၀၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။

Loading