ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် (စားသုံးဆီ) ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

စားသုံးဆီ ဈေးကွက်အနေဖြင့် အမေရိကန်ပဲပုတ်စိုက်ခင်းများ အတွက် ရာသီဥတု ကောင်းမွန် မျှတလာခြင်းကြောင့် ပဲပုတ်ဆီ အထွက်နှုန်းများ ကောင်းမွန်လာဖွယ်ရှိခြင်းနှင့် အတူ ကမ္ဘာ့ ပဲပုတ်ဆီ ကြိုပွိုင့်ဈေးနှုန်းများလည်း ကျဆင်းလာခဲ့သည်။ ယင်းအကျိုးဆက် အနေဖြင့် စားအုန်းဆီ ထွက်ရှိရာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင်လည်း အထွက်နှုန်း ကောင်းမွန်ကာ အရောင်းအဝယ် ကျဆင်းနေခြင်းကြောင့် စားအုန်းဆီ ကြိုပွိုင့်ဈေးနှုန်းများ လည်း ကျဆင်းလာခဲ့သည်။ လတ်တလောအနေဖြင့်လည်း စားအုန်းဆီ လက်ကျန်များကာ ရောင်းလိုအားများလျက်ရှိပြီး စားသုံးသူ ဝယ်လက်ကြီးဖြစ်သော အိန္ဒိယနိုင်ငံသည် နိုင်ငံ အတွင်းသို့ ဆီသွင်းကုန်အခွန် လျော့ချပေးရေး ကိစ္စရပ်များအား ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် စားအုန်းဆီ ဈေးကွက်အား ဆက်လက်၍ ဈေးကျစေခဲ့သည်။ ကမ္ဘာ့ စားအုန်းဆီ ဈေးနှုန်းများ ဆက်လက်ကျဆင်းလာခြင်းကြောင့် မြန်မာနိုင်ငံသို့လည်း တင်သွင်းဈေးနိမ့်လာခြင်း နှင့်အတူ ကုန် ပုံမှန်ဝင်ရောက်မှု ရှိလာခဲ့သည်။ ပြည်တွင်း စားသုံးသူများမှ ပုံမှန် ဝယ်ယူမှုသာ ရှိခြင်းကြောင့် စားအုန်းဆီ ဈေးနှုန်းများ ယခင်အပတ်ထက် (၁ပိဿာ)လျှင် (၃၁၀၀) ကျပ် မှ (၃၀၀၀) ကျပ် သို့ဈေးနိမ်ခဲ့ခြင်း ဖြစ်သည်။

  အေးသန္တာဝင်း                                                                                                                                                ရန်ကုန်ဈေးကွက်

 စီမံကိန်းဦးစီးဌာန

 ၂၃-၆-၂၀၂၁

Loading