ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် (အစေ့ထုတ်ပြောင်း) ရောင်းဝယ်ဖောက် ကားမှု အခြေအနေ

အစေ့ထုတ်ပြောင်းမှာ အိမ်နီးချင်းနိုင်ငံများဖြသ်သော ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ လို အပ်ချက်များခြင်းကြောင့် ဝယ်လိုအား မြင့်နေခြင်း၊ နယ်စပ်ပေါက်ဈေး မြင့်လာခြင်း၊  ထိုင်းဘတ် ငွေဈေး မြင့်နေခြင်းအပြင်၊ ပြည်ပ ငွေလဲနှုန်းများ ဈေးမြင့်နေခြင်း၊ ပြည်တွင်း၌ လက်ကျန် နည်းလာခြင်း၊ ပြည်တွင်း အစာစပ်လုပ်ငန်းများမှ  ဝယ်ယူမှုများခြင်းတို့ကြောင့့်  ယခင်အပတ် ထက် အစေ့ထုတ်ပြောင်း (၅၄) ပိဿာလျှင် (၃၅၁၀၀) ကျပ် မှ (၃၆၇၂၀) ကျပ်သို့ ဈေးမြင့်ခဲ့ သည်။

ကုန်သည်များအပေါ်တွင် ယခင် ကိုဗစ်ကာလများအတွင်း ပြောင်းနှင့်ပတ်သက်သော ကြိုတင် ဝင်ငွေခွန် (၂) ရာခိုင်နှုန်းအား လျော့ချပေးခဲ့သော်လည်း မေလမှစ၍ ယခင်နှုန်း အတိုင်း ပြန်လည်ကောက်ခံလျက်ရှိကြောင်း သိရသည်။ ကုန်သည်များအနေဖြင့် သယ်ယူပို့ ဆောင်စရိတ်မြင့်လာခြင်း၊ ငွေသွင်း၊ ငွေလွှဲခက်ခဲခြင်းတို့ကြောင့် ပြည်ပသို့ ရောင်းဝယ်ရာတွင် အခက်အခဲများရှိခဲ့ခြင်း၊ ဆက်လက်၍လည်း ပြောင်းလက်ကျန် ပိုမိုနည်းလာမည်ဖြစ်ခြင်းကြောင့် မိုးပြောင်းများ အသစ်ပေါ်ချိန်မှသာ ဈေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ကြောင်း ကုန်သည်များ ထံမှ သိရှိရသည်။

ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သော အစေ့ထုတ်ပြောင်းများအား ထိုင်း၊ အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိသော်လည်း လတ်တလောတွင် ထိုင်းနိုင်ငံသို့သာ အဓိက တင်ပို့ရကြောင်း သိရသည်။  ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သော ပြောင်းပမာဏမှာ တန်ချိန် (၂.၃) သန်း နှင့် (၂.၆) သန်း ကြားရှိပြီး ပြည်တွင်း စားသုံးမှုမှာ (၁.၃) သန်းခန့် ရှိကြောင်းနှင့် ကျန်ပမာဏကို ပြည်ပသို့ တင်ပို့မှုရှိကြောင်း သိရှိရပါသည်။

  အေးသန္တာဝင်း

ရန်ကုန်ဈေးကွက်

စီမံကိန်းဦးစီးဌာန                                                                                                                                                                  ၂၃-၆-၂၀၂၁

Loading