ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် (ဟင်းသီး၊ ဟင်းရွက်) ရောင်းဝယ်ဖောက် ကားမှု အခြေအနေ

ဟင်းသီး / ရွက်ဈေးနှုန်းအနေဖြင့် ခရမ်းချဉ် အင်းသီးများအဝင် နည်းခြင်း၊ ပစ္စည်းရှားခြင်း ကြောင့် ၂၀ ပိဿာလျှင် တစ်သေတ္တာလျှင် ၃၈၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ် ပြင်ဦးလွင်သီးမှာ ၁၂ပိဿာ ဝင် တစ်သေတ္တာလျှင် ၂၂၀၀၀ ကျပ်မှ ၂၇၀၀၀ ကျပ် ထိဈေးမြင့်နေပါသည်။ ငရုတ်စို (လတ်)မှာ မုံရွာ၊ ချောင်းဦး၊ ရွှေဘိုမှ အခင်းများကျပြီး အပင်အားယူချိန်ဖြစ်၍ အသီးရှား အဝင်နည်းခြင်း၊ မြို့တွင်း လုပ်ငန်း သမားအဝယ်များခြင်းကြောင့် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်သို့  ဈေးမြင့်နေ သည်။

အောင်ပန်းမှ ဂေါ်ဖီထုပ်၊ ပန်းမုန်လာများ ရာသီဥတုကြောင့် အရည်အသွေးကွာခြားမှုရှိ သဖြင့် ယခင်အပတ် တစ်ထုပ်လျှင် ၅၀၀ ကျပ်မှ ၃၇၅ ကျပ်သို့ ဈေးနိမ့်သွားသည်။ ခရမ်းသီးများ အဝင်နည်းသဖြင့် တစ်ပိဿာလျှင် ၇၀၀ ကျပ်ထိ ဈေးမြင့်လာပြီး သခွားသီး(လတ်)မှာ မြင်းမူနှင့် မြင်းခြံမှ ဝင်ရောက်မှုရှိသဖြင့် ၁၀၀လုံးလျှင် ၉၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်၊၊

မူဆယ်ကားဂိတ်ကုန်ပို့ဆောင်မှုအနေဖြင့် ကျင်စန်းကျော့ဂိတ်တခုသာ ပို့ဆောင်မှုရှိပြီး ပဲတီစိမ်း၊ နှမ်း၊ ပဲကြီးအနည်းငယ်သာတင်ပို့ပြီး တစ်ပိဿာလျှင် တင်ပို့ခမှာ ၂၀၀ ကျပ်ရှိပြီး တစ်နေ့ လျှင် တွဲကား ၅၀ မှ ၁၀၀ စီးထိသာ ထွက်ရှိပါသည်။ တွဲကားတစ်စီးလျှင် ကုန်ချိန် ၂၀၀၀၀ ပိဿာ တင်ဆောင်နိုင်ကြောင်း မူဆယ် ကားဂိတ်မှ သိရပါသည်။

ခင်မေကြည်၊ လက်ထောက်ညွှန်ကြားရေးမှူး

မန္တလေး

စီမံကိန်းဦးစီးဌာန

၂၃.၆.၂၀၂၁    

Loading