ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် (စားဖိုဆောင်သီးနှံ) ရောင်းဝယ်ဖောက် ကားမှု အခြေအနေ

စားဖို့ဆောင်သီးနှံ အနေဖြင့် ကြက်သွန်နီများ ရွှေဘို၊ မြင်းခြံ၊ မြစ်သားဒေသစုံမှ ဝယ်ဈေး မသိမသာမြင့်ခြင်းကြောင့် ကြက်သွန်နီ (ကြီး) တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၃၅၀ ကျပ်သို့ ဈေးမြင့်လာပါသည်။ အာလူး မှာအောင်ပန်းဒေသတခုထဲမှ ဝင်ရောက်ခြင်း၊ (စားသုံးမှုများခြင်း ကြောင့် အိုကေမှာ ၇၅၀ ကျပ်မှ ၈၅၀ ကျပ်၊ အေဝမ်း ၆၀၀ ကျပ် မှ ၇၀၀ကျပ် သို့ဈေးမြင့်လာသည်။ အောင်ပန်းမှ ချင်းများဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်မှ ၁၃၀၀ကျပ်ထိ ဈေးမြင့်လာသည်။

Loading