ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် (ဆီထွက်သီးနှံ) ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ဆီထွက်သီးနှံများအနေဖြင့် မြေပဲ (လုံးဆံ/ ဆီဆန်) တို့မှ တရုတ်တင်ပို့မှုမရှိခြင်းကြောင့် လက်ကျန်များခြင်း၊ မိုးပဲစိုက်ချိန်ဖြစ်ခြင်းကြောင့် လှောင်သမား ထုတ်ရောင်းမှုရှိခြင်းတို့ကြောင့် မြေပဲ (လုံးဆန်) ၁၀၀ပိဿာလျှင် ၂၇၂၅၀၀ ကျပ် မှ ၂၆၇၅၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး မြေပဲ ဆီဆန် မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၃၇၅၀၀ ကျပ် မှ ၂၄၅၀၀၀ ကျပ် သို့ဈေးမြင့်သွားပါ သည်။ နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်း (ဖြူ)မှာ တရုတ်သို့တင်ပို့မှုနည်းသော်လည်း ပုံမှန်ဝယ်ယူ မှုရှိခြင်း၊ မိုးနှမ်းစိုက်ပျိုးရန် ပြင်ဆင်ဆဲဖြစ်ခြင်းတို့ကြောင့် ယခင်အပတ် ၁၁၇၆၀၀ ကျပ်မှ ၁၁၈၅၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်နေပြီး နှမ်းညိုမှာ  အသစ်ဝင်ရောက်ပြီး အရည်အသွေးကောင်းသော ကြောင့် ယခင်အပတ်ထက် ၄၅ပိဿာလျှင် ၉၄၀၀၀ ကျပ်မှ ၁၀၇၅၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းနက် ၄၅ ပိဿာလျှင် ၁၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။

ပန်းနှမ်းမှာ အရည်အသွေး ပေါ်မူတည်ဈေးကွာခြားခြင်းကြောင့် ပျမ်းမျှ ၄၅ ပိဿာလျှင် ၈၃၀၀၀ ကျပ် မှ ၈၂၅၀၀ကျပ်သို့ မသိမသာ နိမ့်နေပြီး နေကြာဈေးနှုန်းမှာ ဆီစက်သမားများမှ အဝယ်များခြင်း၊ မိုးနှင့် ဆောင်းကြာ စပ်ကူးမတ်ကူးကာလဖြစ်ခြင်းကြောင့် ၂၇ပိဿာလျှင် ၄၄၀၀၀ ကျပ်မှ ၄၇၅၀၀ကျပ်သို့ ဈေးမြင့်သွားကြောင်းကို ပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းမှ သိရသည်။

Loading