ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် (ပဲမျိုးစုံ) ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ယခုအပတ် ပဲမျိုးစုံရောင်းဝယ်မှုအနေဖြင့် မတ်ပဲအသစ် ဝင်ရောက်မှုရှိခြင်း၊ ပြည်ပပို့ရန် ရန်ကုန်ဝယ်လက်နည်းခြင်း၊ မြို့တွင်းပဲခွဲစက် များဝယ်ယူမှုပုံမှန်သာရှိခြင်းကြောင့် ယခင်အပတ်ထက် ၆၀ ပိဿာလျှင် ၁၁၉၀၀၀ ကျပ် မှ ၁၀၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပါသည်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း (ခရမ်း၊လမ်း၊အညာ၊လက်ခူး) ဟူ၍ အမျိုးအစားအမျိုးမျိုးရှိပြီး ပဲတီစိမ်း (ခရမ်း)မှာ ပြည်ပပို့ရန် တရုတ်ဝယ်လက်နည်းခြင်း၊ (၃)မျိုးလုံး ယှဉ်ပြိုင်ဝင်ရောက်မှုရှိခြင်း၊ ဆောင်းလက်ကျန်များ၍ မိုးပဲစိုက်ချိန်ဖြစ်ခြင်းကြောင့် လှောင်သမားများမှ ရောင်းလိုအားများခြင်းတို့ကြောင့် ပဲတီစိမ်း(ခရမ်း)မှာ ယခင်အပတထက် ၅၆.၂၅ပိဿာ လျှင် ၁၂၅၅၀၀ ကျပ်မှ ယခုအပတ် ၁၂၃၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲတီစိမ်း (အညာ) မှာ ၁၀၂၀၀၀ ကျပ် မှ ၉၈၄၀၀ ကျပ်သို့ ဈေးနိမ့်သွားပါသည်။ ပဲတီစိမ်း(လမ်း) ဟုခေါ်သော ပဲခူး၊ ပြွန်တန်ဆာမှ ပဲတီစိမ်းများမှာ ယခုအပတ်တွင် အဝင်နည်းခြင်း၊ ပုံမှန် ဝယ်ယူမှုသာရှိခြင်းကြောင့် ယခင်အပတ်ထက် ၁၁၂၅၀၀ ကျပ် မှ ၁၁၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။ ပဲစဉ်းငုံ (ဖြူ/နီ) ဈေးနှုန်းမှာ ရန်ကုန်ဝယ်လက်နည်းပြီး စတင်စိုက်ပျိုးချိန်ဖြစ်၍ ဈေးထိမ်း ရောင်းချနေသော လှောင်သမားထုတ်ရောင်းမှုရှိခြင်းတို့ကြောင့် ယခင်အပတ်ထက် ပဲစဉ်းငုံ (ဖြူ) ၆၀ ပိဿာလျှင် ၉၄၅၀၀ ကျပ်မှ ၉၂၅၀၀ ကျပ်သို့လည်းကောင်း၊ ပဲစဉ်းငုံ(နီ) ၆၀ပိဿာလျှင် ၁၀၄၅၀၀ ကျပ်မှ ၁၀၃၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပါသည်။ ပဲလွန်းဖြူမှာ စိုက်ဧကနည်း အထွက်နည်း အဝင်နည်းခြင်း၊ တရုတ်ဝယ်လက်ဝယ်ယူမှုရှိြခင်း၊ ပစ္စည်းရှားခြင်းတို့ကြောင့် ယခင်အပတ်ထက် ၆၀ပိဿာလျှင် ၁၀၅၀၀၀ ကျပ်မှ ၁၄၂၅၀၀ ကျပ်သို့ ဈေးမြင့်နေပြီး ပဲလွန်းပြာမှာ စိုက်ချိန်ဖြစ်၍ မျိုးအထွက်ဝယ်ယူမှု ရှိခြင်းကြောင့် ၅၄ပိဿာလျှင် ၇၅၀၀၀ ကျပ်မှ ၇၆၀၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။ ပဲကြီး (ကြီး) တို့မှာ တရုတ်ဝယ်လက်အနည်းအကျဉ်း ဝယ်ယူမှုရှိခြင်း၊ မိုးနှင့်ဆောင်းကြား စပ်ကူးမတ်ကူးအချိန် ဖြစ်ခြင်းကြောင့် ၅၅.၂၅ပိဿာလျှင် ၁၂၆၀၀၀ ကျပ်မှ ၁၃၆၅၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။

ကုလားပဲ (ထိုင်ဝမ်/ လုံးဖြူကြီး) ထောပတ်ပဲ(ကြီး/သေး)၊ ပဲပုတ် (မြန်မာ/ရှမ်း) တို့မှာ အရောင်းအဝယ်အေးခြင်းကြောင့် ဈေးအနည်းငယ်နိမ့်နေပြီး စားတော်ပဲ (ကျွန်း)၊ မြေထောက်ပဲ၊ ပဲပုတ် (ရှမ်း) တို့မှာ ဆောင်းနှင့်မိုးကြား စပ်ကူးမက်ကူးကာလဖြစ်ခြင်းကြောင့် ဈေးမသိမသာ မြင့်နေပါသည်။

Loading