ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် စားသုံးဆီ ဈေးကွက်အခြေအနေ

စားသုံးဆီ ဈေးကွက်အနေဖြင့် အမေရိကန် ပဲပုတ်စိုက်ခင်းများ အတွက် ရာသီဥတုကောင်းမွန်မျှတလာခြင်းကြောင့် ပဲပုတ်ဆီအထွက်နှုန်းများ ကောင်းမွန်လာဖွယ်ရှိခြင်းနှင့် အတူ ကမ္ဘာ့ပဲပုတ်ဆီ ကြိုပွိုင့်ဈေးနှုန်းများလည်း ကျဆင်းလာခဲ့သည်။ ယင်းအကျိုးဆက် အနေဖြင့် စားအုန်းဆီ ထွက်ရှိရာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင်လည်း အထွက်နှုန်းကောင်းမွန်ကာ အရောင်းအဝယ် ကျဆင်းနေခြင်းကြောင့် လတ်တလော စားအုန်းဆီ လက်ကျန်များကာ ရောင်းလို အားများခြင်းများဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများလည်း ဆက်လက် ကျဆင်းလာခဲ့သည်။ မြန်မာနိုင်ငံသို့လည်း တင်သွင်းဈေးနိမ့်လာခြင်းနှင့်အတူ ကုန်ပုံမှန်ဝင် ရောက်မှုရှိလာခဲ့သည်။ ပြည်တွင်း စားသုံးသူများမှ ပုံမှန်ဝယ်လိုအားသာရှိခြင်းကြောင့် စားအုန်းဆီ(လက်ကား) တစ်ပိဿာလျှင် ယခင်အပတ်တွင် (၃,၄၀၀) ကျပ်မှ ယခုအပတ်တွင် (၃,၁၀၀) ကျပ်ဖြင့် ဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။

အေးသန္တာဝင်း                                                                                                                                                ရန်ကုန်ဈေးကွက်

၁၆-၆-၂၀၂၁

Loading