ပြည်ပသတင်းများ

ဘယ်လ်ဂျီယံနိုင်ငံအစိုးရက စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြုအစီအမံများကို စက်တင်ဘာလအထိ ထပ်မံ တိုးမြှင့်ခဲ့ခြင်း

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီ များအတွက် အထောက်အကူပြုအစီအမံများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ထပ်မံတိုး မြှင့်ရန် ဘယ်လ်ဂျီယံနိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့ပါသည်။ ထိုသို့ တိုးမြှင့်ရာတွင် ယာယီအလုပ် လက်မဲ့အစီအစဉ် (Temporary Unemployment) ဆိုင်ရာစည်းမျဉ်းများကို ပို၍ ဖြေလျှော့ ပေးခြင်းလည်း ပါဝင်သည်ဟု သိရသည်။

ဝင်ငွေအားဖြင့် အနည်းဆုံး (၄၀) ရာခိုင်နှုန်းကျဆင်းမှုရှိခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် အစိုးရထံမှ အထောက်အပံ့အစီအစဉ်များကို တောင်းခံနိုင်ပြီး  အဆို ပါ ထောက်ပံ့မှုအစီအမံများကို ဇွန်လကုန်အထိသာ ပေးအပ်သွားမည်ဟု ဘယ်လ်ဂျီယံနိုင်ငံအစိုး ရက ယခင်ကြေညာခဲ့ပြီးဖြစ်သော်လည်း ယခုအခါ စက်တင်ဘာလကုန်အထိ တိုးမြှင့်ရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

ဘယ်လ်ဂျီယံအစိုးရ၏ ထောက်ပံ့မှုအစီအမံများသည် ကပ်ရောဂါ၏ သက်ရောက်မှု ကြောင့် ထိရှလွယ်စီးပွားရေးလုပ်ငန်းကဏ္ဍများ၊ အလုပ်သမားများအတွက် စက်တင်ဘာလကုန် အထိ ခုသာခံသာရှိနိုင်စေရန် ရည်ရွယ်ပါသည်။ ဘယ်လ်ဂျီယံအစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ် မှုကန့်သတ်ချက်များဖြေလျှော့ပေးမည့် “Summer Plan” အရ စက်တင်ဘာလတွင် နောက်ဆုံး အဆင့်အဖြစ် ကန့်သတ်ချက်များကို အများဆုံးဖြေလျှော့ပေးသွားမည် ဖြစ်ပါ သည်။

ရင်းမြစ် –   (The Brussels Times)

ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး

ဘရပ်ဆဲလ်

Loading