ပြည်ပသတင်းများ

COVID-19 ကျန်းမာရေးစစ်ဆေးမှု လိုအပ်ချက်များ အပြန်အလှန်လျှော့ချ၍ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ နယ်သာလန် သုံးနိုင်ငံ ခရီးသွားမြှင့်တင်ရေးအစီအစဉ်ကို နယ်သာလန် ခရီးသွား လုပ်ငန်းကဏ္ဍမှ တောင်းဆို

ခရီးသွားလုပ်ငန်းမှ ဝင်ငွေပြန်လည်ရရှိရေးအတွက် နယ်သာ လန်၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီနိုင်ငံတို့အကြား COVID-19 ဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှု လိုအပ်ချက်များ အပြန် အလှန်လျှော့ချ၍ ခရီးသွားမြှင့်တင်ရေးအစီအစဉ် (သုံးနိုင်ငံခရီးသွားပူဖေါင်း-Travel Bubble) ကို နယ်သာလန်အစိုးရ အနေဖြင့်စဉ်းစားသင့်ကြောင်း နယ်သာလန် ခရီးသွားလုပ်ငန်းနှင့် ကွန်ဗင်း ရှင်းဘုတ်အဖွဲ့ (Netherlands Board of Tourism and Conventions-NBTC) ကတောင်း ဆိုခဲ့သည်ဟု သိရသည်။ ဥရောပ၏ နွေရာသီစတင်ချိန်တွင် အီးယူ၏ ဒစ်ဂျစ်တယ် ခရီးသွားလက် မှတ် (Digital Green Certificate) ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိလျှင် အဆိုပါ ခရီးသွား ပူဖေါင်းအစီအစဉ်သည် နယ်သာလန်နိုင်ငံအတွက် စီးပွားရေးအရ အရေးပါ လာမည်ဟု NBTC ၏ ညွှန်ကြားရေးမှူး Jos Vranken က ပြောကြားခဲ့သည်။

ကပ်ရောဂါအကျပ်အတည်းမတိုင်မီ နယ်သာလန်နိုင်ငံ၏ ခရီးသွားစီးပွားရေးကဏ္ဍ တွင် ဘယ်လ်ဂျီယံနှင့် ဂျာမနီနိုင်ငံမှ ခရီးသွားများသည် ပြည်ပခရီးသည်စုစုပေါင်း၏ (၄၀) ရာခိုင်နှုန်း အထိရှိခဲ့သည်။ ထို့ကြောင့် သုံးနိုင်ငံခရီးသွားပူဖေါင်းအစီအစဉ်ဖြင့် နယ်သာလန်နိုင်ငံ၏ ခရီးသွား လုပ်ငန်းကဏ္ဍ ပြန်လည်နာလန်ထူရေးကို အထောက်အကူပြုနိုင်မည်ဟု ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးသွားပူဖေါင်းအစီအစဉ်ကို နယ်သာလန်နိုင်ငံ စီးပွားရေးရာဝန်ကြီးဌာနသို့ တင်ပြသွားမည်ဟု Jos Vranken က ထပ်လောင်းပြောကြားသည်။ အီးယူ၏ Digital Green Certificate ကို ဇွန်လတွင် စတင်အသုံးပြုနိုင်ရေး ဥရောပကော်မရှင်က ဆောင်ရွက်လျက်ရှိပါ သည်။ ယင်းခရီးသွားလက်မှတ်အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ပြီး၊ ဥရောပကော်မရှင်နှင့် ပါလီမန်တို့က Digital Green Certificate ၏ နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်များအပါအဝင်အသေးစိတ်ကို ထပ်မံဆွေးနွေးသွားရန်ရှိပါသည်။ ဘယ်လ်ဂျီယံနိုင် ငံနှင့် ဂျာမနီနိုင်ငံတို့က ယင်းခရီးသွားပူဖေါင်းအစီအစဉ်တွင် ပါဝင်လိုခြင်းရှိ/မရှိနှင့်ပတ်သက်၍ ရှင်းရှင်းလင်းမသိရသေးကြောင်း၊ နယ်သာလန်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်သည် ဂျာမနီနိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ကူးစက်မှုအရေအ တွက်ထက် ပိုများခဲ့ကြောင်း သိရသည်။

 ရင်းမြစ် –   (The Brussels Times)

ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး

ဘရပ်ဆဲလ်

Loading