ပြည်တွင်းသတင်းများ, ပြည်ပသတင်းများ

ကမ္ဘောဇဘဏ်နှင့် Zoom မှတဆင့် တွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်လင်းနှင့် ကမ္ဘောဇဘဏ်၏ Head of Community Engagement & Social Purpose, Senior Government Affairs Attache’/ Corporate Affairs ဖြစ်သူ Ms. Michelle Kamau တို့သည် ၂၀-၅-၂၀၂၁ ရက်နေ့တွင် ကမ္ဘောဇဘဏ်၏လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး ကိစ္စရပ်များကို Zoom ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးမှုတွင် ကမ္ဘောဇဘဏ်မှ Ms. Michelle Kamau က ၎င်းသည် ကမ္ဘောဇဘဏ်၏ Head of Community Engagement & Social Purpose တာဝန်ကို စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်သည် လူမှုအသိုင်းအဝိုင်း အကျိုးစီးပွား – CSR ကို ကောင်းမွန်စွာ ထမ်းဆောင်သည့်ဘဏ်ဖြစ်ပြီး ၄င်းအနေနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်နေပါကြောင်း၊ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများ၏ကျန်းမာရေး ဆိုင်ရာ အချက်အလက်များဝေမျှခြင်း၊ ပြည်သူများအကျိုးစီးပွားအတွက် လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းတို့ဌာနခွဲတွင် ဝန်ထမ်း ၁၂ ဦးအထိရှိပြီး အမှုဆောင်အရာရှိချုပ် – CEO နှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နေပါကြောင်း၊ ဘဏ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။

မြန်မာသံအမတ်ကြီးက ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတွင် ယုံကြည်ခိုင်မာသည့်ဘဏ်တစ်ခုဖြစ်ကြောင်း၊ ဝါရှင်တန်မြို့တွင် ကမ္ဘောဇဘဏ်မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများလည်း ရှိခဲ့ပါကြောင်း၊ လတ်တလောအခြေအနေ၌ လုပ်ငန်းအကောင်အထည် ဖော်မှုနှင့်ပတ်သက်၍ ကန့်သတ်ချက်များ ရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း အနာဂတ်တွင်ပိုမိုကောင်းမွန်သည့် စီးပွားရေးအခြေအနေကောင်းများရှိလာမည်ဟု အပြည့်အဝယုံကြည်ထားကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ခင်မြမြထွေး၊ စီးပွားရေးသံမှူး

ဝါရှင်တန်မြို့

Loading