ပြည်ပသတင်းများ

အာဂျင်တီးနားနိုင်ငံတွင် ပဲပုတ်စေ့ရိတ်သိမ်းမှု စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၈၅ ရာခိုင်နှုန်းပြီးစီး

မေလ ၂၁ ရက်နေ့အထိ အာဂျင်တီးနားနိုင်ငံတွင် ပဲပုတ်စေ့ ရိတ်သိမ်းမှု ၈၅.၄ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ယခုရက်သတ္တပတ်တွင် ပဲပုတ်စေ့ရိတ်သိမ်းမှုသည် ၁၄.၈  ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဗျူနိုအေရိစ် နှံစားသီးနှံစတော့ဈေးကွက်သတင်းတွင် ဖော်ပြ ထားသည်။ ယခုရိတ် သိမ်းမှုများပြီးစီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဲပုတ်စေ့တန်ချိန် ၄၃ သန်းထွက်ရှိရန် မျှော်မှန်းထားပြီး လတ်တလောကာလအထိ ပဲပုတ်စေ့တန်ချိန် ၃၈.၇၄၁ သန်းအား ရိတ်သိမ်းပြီးစီး ပြီးဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

သုတေသနစစ်တမ်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဲပုတ်စေ့ရိတ်သိမ်းပြီးစီးမှု သည် စုစုပေါင်းစိုက်ပျိုးဧရိယာ၏ ၇၀.၆ ရာခိုင်နှုန်းဖြစ်ကြောင်း စတော့ဈေးကွက်သတင်းတွင် ဖော်ပြထားသည်။ ယခုနှစ်ရိတ်သိမ်းရာသီချိန်တွင် အာဂျင်တီးနားနိုင်ငံ၌ ပုံမှန်မဟုတ်သည့် ရာသီ ဥတုနှင့် ကြုံတွေ့နေရပြီး ပဲပုတ်စေ့အထွက်နှုန်းများ ကျဆင်းလျက်ရှိကြောင်း သတင်းတွင်ဖော်ပြ ထားသည်။

သီးနှံများစိုက်ပျိုးချိန်တွင် ခြောက်သွေ့သောရာသီဥတုကို ကြုံတွေ့ခဲ့ရသဖြင့် သီးနှံ ရိတ် သိမ်းချိန်တွင် ထွက်ရှိနိုင်မည့်ပမာဏအား ပြန်လည်လေ့လာသုံးသပ်နေကြောင်း၊ အမေရိကန် စိုက်ပျိုးရေးဌာန၏ သတင်းဖော်ပြချက်တွင် အာဂျင်တီးနားနိုင်ငံ၏ ပဲပုတ်စေ့ရိတ်သိမ်းချိန်တွင် ထွက်ရှိနိုင်မည့်ပဲပုတ်စေ့ပမာဏအား တန်ချိန် ၄၇.၅ သန်း မှ ၄၇ သန်းအထိ ခန့်မှန်းထားသော် လည်း စတော့ဈေးကွက်၏ သီးနှံထွက်ရှိမှုခန့်မှန်းချက်တွင် ပဲပုတ်စေ့တန်ချိန် ၄၃ သန်း ဝန်းကျင် သာထွက်ရှိနိုင်ရန် ခန့်မှန်းထားကြောင်း သတင်းတွင်ဖော်ပြထားသည်။

သတင်းရင်းမြစ် – canalrural.com.br

ထွန်းအောင်ဇော်၊စီးပွားရေးသံမှူး

ဘရာဇီးလ်

Loading