ပြည်ပသတင်းများ

စိုက်ပျိုးရေးကဏ္ဍနှင့်ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များဆိုင်ရာ ဆောင်ရွက်မှု

ဂျာမနီနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု ရန်ပုံငွေအဖွဲ့ (International Fund for Agricultural Development- IFAD) အတွက် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ စုစုပေါင်း ယူရို ၈၈.၄၉ သန်း ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။ IFAD သည် ကုလသမဂ္ဂ၏ အေဂျင်စီတစ်ခုဖြစ်ပြီး ကျေးလက်ဒေသများတွင် ဆင်းရဲမှုတိုက်ဖျက်ရေးကို ဦးတည်ဆောင်ရွက် သည့်အဖွဲ့အစည်းတစ်ခု အနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အတိုးနည်းချေးငွေများကို ပံ့ပိုးပေးလျက် ရှိရာ ၂၀၁၉ ခုနှစ် မှ ၂၀၂၀ခုနှစ် အတွင်း ချေးငွေ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံကို ထုတ်ချေးခဲ့ သည်။ အဖွဲ့ဝင်ပေါင်း (၁၇၂) နိုင်ငံရှိပြီး ဂျာမနီနိုင်ငံသည် IFAD တည်ထောင်သည့်အဖွဲ့ဝင်နိုင်ငံ (founding member) တစ်နိုင်ငံ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ရက် မှ ၁၈ရက်နေ့အတွင်း ကျင်းပသည့် IFAD ၏ (၄၄) ကြိမ် မြောက် အုပ်ချုပ်မှုကောင်စီ အစည်းအဝေးတွင် ဂျာမနီနိုင်ငံဖက်ဒရယ်စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန (BMZ)မှ Parliamentary State Secretary ဖြစ်သူ  Ms.Maria Flachsbarth က ကိုဗစ် ၁၉ ကပ်ရောဂါသည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူသန်းပေါင်းများစွာ ကို ဆင်းရဲမွဲတေမှုနှင့် ဆာလောင်ငတ်မွတ်မှုတို့ကိုဖြစ်စေခဲ့ပြီး ဆယ်စုနှစ်များစွာရရှိခဲ့သည့် အောင်မြင်မှုများကို ခြိမ်းခြောက်ခဲ့ကြောင်း၊ ၂၀၂၀ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် လူဦးရေ သန်း (၁၀၀) ကျော် ဆာလောင်ငတ်မွတ်မှုဖြစ်ခဲ့ကြရကြောင်း၊ တစ်ဆက်တည်းတွင် နိုင်ငံများရှိ စိုက်ပျိုးရေးကဏ္ဍ၌  ရာသီဥတုပြောင်းလဲမှုကဲ့သို့ ဖြစ်ရပ်များကြုံတွေ့လာရပြီး မိမိတို့အနေနှင့်  IFADတွင် ရန်ပုံငွေထည့်ဝင်လှူဒါန်းခြင်းဖြင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။

BMZ သည် အစိမ်းရောင်ဓါတ်ငွေ့ထုတ်လွှင့်မှုလျော့ကျရေးအတွက် သစ်တောထိန်းသိမ်း ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေရွှေ့ပြောင်းခြင်းစသည်တို့ ဆောင်ရွက်လျှက်ရှိသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုအခြေအနေနှင့် ကိုက်ညီမှုရှိလာစေရန်အတွက် ရေအရင်းအမြစ် စီမံခန့်ခွဲခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးလုပ်ငန်း၊ ရာသီဥတုဆိုင်ရာဆုံးရှုံးမှု ဆန်းစစ်လေ့လာမှု နှင့်ရာသီဥတုဆိုင်ရာ ထိခိုက်ပျက်စီးမှုအာမခံရရှိရေးတို့ တိုးတက်လာစေရန် ဦးတည် ဆောင်ရွက် လျှက်ရှိသည်။ ဤနည်းအားဖြင့် BMZ သည် ၂၀၁၅ခုနှစ် ပါရီသဘောတူညီချက်အရ နိုင်ငံတစ်ကာ ကဦးတည်ဆောင်ရွက်နေသည့် ရာသီဥတုပြောင်းလဲမှုလျော့ကျရေးနှင့် ရန်ပုံငွေ ထောက်ပံ့ ကူညီ ခြင်းအပိုင်းတို့ကို ပံ့ပိုးဆောင်ရွက်ပေးလျှက်ရှိသည်။

ဥရောပသမဂ္ဂသည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် green house gas ထုတ်လွှင့်မှုကို ၂၀၃၀ ခုနှစ် တွင် ၄၀ ရာခိုင်နှုန်းမှ အနည်းဆုံး အနှုတ် ၅၅ ရာခိုင်နှုန်းထိ လျော့ချနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်းကြေငြာခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် comprehensive climate law မူကြမ်းကို ရေးဆွဲလျှက်ရှိပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအသစ်ကိုချမှတ်၍ ဥရောပတိုက်ကို ၂၀၅၀ ခုနှစ်တွင် First Climate Neutral Continent ဒေသအဖြစ် ရောက်ရှိရန် ရည်ရွယ် လုပ်ဆောင်လျှက်ရှိပါသည်။ ဂျာမနီနိုင်ငံသည်လည်း လေထုညစ်ညမ်းမှု လုံးဝမရှိသည့် Climate Neutral အဆင့်ကို ၂၀၅၀ ခုနှစ်တွင် ရောက်ရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျှက် ရှိပါသည်။

Source:

https://www.bmz.de/en/development-policy/climate-change-and-development

https://www.bmz.de/en/news/press-releases/minister-mueller-zum-tag-gegen-kindersoldaten-59316

သီတာဝင်းဌေး၊စီးပွားရေးသံမှူး(မြန်မာသံရုံး၊ဘာလင်)

Loading