ပြည်ပသတင်းများ

ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး တရုတ်နိုင်ငံ၏ ပြင်ဆင်ထား သည့်ခြေလှမ်းများ

တရုတ်နိုင်ငံ၏ “ နံပါတ် ၁ စာတမ်း” ဟု လူသိများသည့် ၂၀၂၁ ဖေဖေါ်ဝါရီလတွင် နောက်ဆုံးထုတ်ပြန်သော ကျေးလက်ဒေသမူဝါဒအသေးစိတ်စီမံချက် blueprint တွင် “ပြင်ပကမ္ဘာ ၏ အခြေအနေမတည်ငြိမ်မှုများ”ကို ထောက်ပြ၍ ပြည်တွင်း မျိုးဖြန့်ဝေရေး မြှင့်တင်ကြရန် တိုက်တွန်းဆော်သြထားပါသည်။ ယင်းမူဝါဒမူကြမ်းတွင် ယခင်နှစ်များကထက် စားနပ်ရိက္ခာ ဖူလုံရေးအပေါ် ပိုမို၍အလေးပေးဖော်ပြခဲ့ပြီး ၂၀၂၀-၂၀၂၅ ကာလအတွင်း ပြည်နယ် အားလုံးတွင် စပါးအထွက်နှုန်း တိုးတက်စေရန် တောင်းဆိုထားပါသည်။ ‘အမျိုးသားစားနပ် ရိက္ခာဖူလုံမှုကဏ္ဍ ခါးပတ်’ ကို ယင်းမူဝါဒ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် တည်ဆောက်ရန်လည်း စီစဉ်နေကြောင်း၊ ယင်းခါးပတ်တွင် တိုင်းပြည်၏အဓိက သီးနှံစိုက်ဧရိယာအားလုံး ချိတ်ဆက်ရန် ရည်ရွယ်ထား ကြောင်း၊ COVID-19 ကူးစက်မှု ဖြစ်ပွားပြီးနောက် စားနပ်ရိက္ခာဖူလုံမှုအပေါ် တရုတ်နိုင်ငံ၏ အာရုံ စိုက်မှု ပိုမိုအားကောင်းလာစေရန် ဆန်စပါးအထွက်နှုန်း တိုးမြှင့်ရေးနှင့် ပြည်တွင်းမျိုးစေ့လုပ်ငန်း များကို  အားစိုက်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လူဦးရေ ၁.၄ ဘီလီယံအတွက် စားနပ်ရိက္ခာဖူလုံရေး ဦးစားပေးသည့် တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် စားနပ်ရိက္ခာတင်ပို့သည့် နိုင်ငံများတွင် ကမ္ဘာ့ကပ်ရောဂါ ကူးစက် ပျံ့နှံ့ခံခဲ့ရပြီးသည့်နောက် စားနပ်ရိက္ခာထောက်ပံ့မှုတည်ငြိမ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမြင့် တက်လာချိန်မှစ၍ ဤစားနပ်ရိက္ခာ ဖူလုံရေးပြဿနာအပေါ် ပိုမို အာရုံစိုက်လာခဲ့သည်။

ပြင်ပအခြေအနေ၏ မသေချာမရေရာနှင့် မတည်ငြိမ်မှု သိသိသာသာတိုးပွားလာခဲ့ ကြောင်း၊ သိုလှောင်သီးနှံဖူလုံရေးတွင် တစ်ခဏတာမျှပင် ပေါ့ပေါ့တန်တန် သဘောမထား သင့်ကြောင်း တရုတ်လူဦးရေ ပိုမိုများပြားလာလျှက်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲတွင် မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံတော်ကောင်စီ၊ အစိုးရအဖွဲ့မှထုတ် ပြန်သော စာတမ်းတွင် ဒေသဆိုင်ရာ အစိုးရများအပြင် ကွန်မြူနစ်ပါတီ ကော်မတီများကလည်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် တာဝန်ယူလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

မျိုးစေ့ကဏ္ဍ၏ ဉီးစားပေးသတ်မှတ်ချက်အသစ်များကို စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကအဖြစ် ရှု့မြင်ရာ ယင်းကိစ္စကို အဆိုပါစာတမ်းတွင် ထပ်လောင်း တိုက်တွန်း၍ အဓိကကျ သော သိပ္ပံနည်းကျစီမံကိန်းများကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်ရန်နှင့် အခြားသီးနှံ များအပြင် မျိုးရိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများ အပါအဝင်ဖြစ်သည့် “စက်မှုအသုံးချဇီဝ မွေးမြူရေး” “Industrial Application of Biological Breeding” ဆိုသည့် ဝေါဟာရကို အသုံးပြု တိုက်တွန်းထားပါသည်။ ထို့ပြင် စီးပွားဖြစ် မွေးမြူရေးစနစ်များဆိုင်ရာ အသိညာဏမူပိုင်ခွင့် ပိုမို အားကောင်းစွာ ကာကွယ်ပေးရန် တောင်းဆိုထားပါသည်။

စိုက်ပျိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Zhang Taolin ကထိပ်တန်း စီးပွားရေး လုပ်ငန်း အဖွဲ့တစ်ဖွဲ့ကို ဦးစားပေးထောက်ပံ့သင့်ကြောင်း ပြောကြားခဲ့ရာ၊ Beijing Dabeinong Technology Group Co., Shandong Denghai Seed နှင့် Winall Hi-tech Seed Co. အပါအဝင် မျိုးစေ့ ကုမ္ပဏီများ၏ ရှယ်ယာများ ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ စတုတ္ထပတ်အတွင်း (၄) ရာခိုင်နှုန်း ခန့် တိုးတက်ခဲ့သည်။

Taolin က ကမ္ဘာ့စားသုံးဆီတင်သွင်းမှု ပိုမိုတင်းကျပ်ပြီး အမယ်စုံလင်သည့် လယ်ယာ ထွက်ကုန်ပစ္စည်းတင်သွင်းသည့်အချိန်အတွင်း ပဲပုပ်ထုတ်လုပ်မှုကို တည်ငြိမ်စေပြီး၊ မုန်ညှင်းနှင့် မြေပဲအပါအဝင် စားသုံးဆီထွက်သီးနှံများကို ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်နိုင်ငံအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။

ထို့အပြင် ခေတ်မီတိရိစ္ဆာန် မွေးမြူရေးစနစ်တည်ဆောက်ရန်နှင့် ဝက်မွေးမြူရေးနှင့် ပတ်သက်၍ ဝက်များ၏ ထုတ်လုပ်နိုင်စွမ်းကိုကာကွယ်ရန်၊ ဆောင်းတွင်းကာလအတွင်း ရောဂါ ပျံ့ပွားမှု တစ်ဟုန်ထိုးမြင့်တက်လာခြင်းအား စိုးရိမ်မှုရှိခဲ့သော်လည်း၊ ၂၀၁၇ ခုနှစ် အာဖရိက ဝက်အဖျား ရောဂါဖြစ်ပွားပြီးစဉ်မှစ၍ မတွေ့ဘူးသည့် အရေအတွက်သို့ ပြန်လည်ရောက်ရှိ ကောင်းမွန်လာ လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် တိုင်းပြည်အနေဖြင့် လိုအပ်သော အရေအတွက် တည်ငြိမ်မှုရှိရန်နှင့် ဈေးနှုန်းကျသည့် အချိန်တွင် ပိုမိုကောင်းမွန်စွာ မည်သို့ဆောင်ရွက်မည်ကို နည်းလမ်းရှာဖွေရန် လိုအပ်ကြောင်းပြောပါသည်။

ဒေါက်တာဝေရီလင်း၊ စီးပွားရေးသံမှူး

ကူမင်းမြို့

ရင်းမြစ် ။  https://www.aljazeera.com/economy/2021/2/22/chinaa-no-1-document-beijing-steps-up-focus-on-food-security

Loading