ပြည်ပသတင်းများ

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ယူရိုဇုန်၏ စီးပွားရေး တိုးတက်မှုနှုန်းအားတိုးမြှင့် ခန့်မှန်းခဲ့ခြင်း

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကထုတ်ပြန် ခဲ့သည့် ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက်တွင် ယူရိုဇုန်၏စီးပွားရေးတိုးတက်မှုနှုန်းအား (၄.၄) ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်းထားကြောင်းသိရသည်။ အီးယူ၏ယူရို (၇၅၀) ဘီလီယံပြန်လည် ထူထောင်ရေးရန်ပုံငွေနှင့် အမေရိကန်ပြည်ထောင်စု၏အမေရိကန်ဒေါ်လာ (၁.၉) ထရီလီယံ စီးပွားရေး လှုံ့ဆော်မှုအစီအမံများကြောင့် IMF ကယင်းသို့ပြင်ဆင်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

လာမည့်နွေရာသီတွင်ကာကွယ်ဆေးများ ပိုမိုထိုးနှံနိုင်ခြင်းမှတစ်ဆင့် ယခုနှစ်၏ ဒုတိယ နှစ်ဝက်ကာလတွင် စီးပွားရေးပြန်လည်နာလန်ထူမှုပိုမိုအားကောင်းလာမည်ဟု မျှော်လင့် ထားပြီး၊ ကမ္ဘာ့စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကိုလည်း IMF ကတိုးမြှင့်ထားပါသည်။ ကမ္ဘာ့ စီးပွားရေး သည် ၂၀၂၁ ခုနှစ်တွင် (၆) ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်းနှင့်၂၀၂၂ခုနှစ်တွင် (၄.၄) ရာခိုင်နှုန်း ရှိနိုင်ကြောင်း IMF ၏စီးပွားရေးအလားအလာခန့်မှန်းချက်အရသိရသည်။

မကြုံစဖူးမူဝါဒပိုင်းတုံ့ပြန်ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ကပ်ရောဂါဆိုင်ရာ စီးပွား ရေးကျကပ်သည် ၂၀၀၈ခုနှစ်၊ ဘဏ္ဍာရေးအကျပ်အတည်းထက် ထိခိုက်မှုပိုနည်းနိုင်ဖွယ်ရှိသည်ဟု IMF ကဆိုသည်။ သို့ရာတွင် ထွန်းသစ်စဈေးကွက်စီးပွားရေးများနှင့် ဝင်ငွေနိမ့်ဖွံ့ဖြိုးဆဲနိုင်ငံများ သည် ကပ်ရောဂါကြောင့် စီးပွားရေးပို၍အထိနာခဲ့ကြပြီး၊ သိသာသောကာလ လတ်ဆုံးရှုံးမှုများ ကိုခံစားရနိုင်သည်ဟုသိရသည်။

မူဝါဒချမှတ်သူများအနေဖြင့် အလုပ်လက်မဲ့ဖြစ်မှုအကာအကွယ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းရေးစသည့်မူဝါဒများကို ဉီးစားပေး ဆောင် ရွက်သင့်သည်ဟု IMF ကဆိုသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Organization for Economic Cooperation and Development-OECD) က ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် (၅.၆)ရာခိုင်နှုန်း တိုးတက်မည်ဟုခန့်မှန်းထားသဖြင့် IMF ၏ကမ္ဘာ့စီးပွား ရေးအလားအလာအပေါ် ခန့်မှန်းချက်သည် OECD ခန့်မှန်းချက်ထက်ပိုများနေကြောင်း သိရပါ သည်။

ရင်းမြစ် –  (Politico)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading