ပြည်ပသတင်းများ

အာဆီယံသို့ e-commerce ထောက်ပို့သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တည်ဆောက်မှုအား မြှင့်တင်သွားမည့် နန်နင်း

ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်း မြို့သည် ၎င်း၏နယ်စပ်ဖြတ်ကျော် e-commerce အတွက် တည်ဆောက်ထားသော ဘက်စုံသရုပ်ပြဇုန်အား တရုတ်-အာဆီယံကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းသစ်အသွင် ပြောင်းလဲသွားရန်အတွက် နောင်လာ မည့် (၅) နှစ်အတွင်း တည်ဆောက်ရေးစီမံကိန်း (၂၉) ခု တည်ဆောက်ရေးအား တွန်းအားပေး၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နန်နင်းမြို့မှာ အာဆီယံနိုင်ငံများနှင့် အနီးကပ်ဆုံးတည်ရှိသည့် တရုတ်နိုင်ငံ၏မြို့တော် ဖြစ်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတည်ဆောက်ရေးတွင် အရေးပါသည့် အချက်အချာနေရာ တစ်ခုလည်းဖြစ်ပါသည်။ ၎င်းမြို့တော်သည် အာဆီယံကို အလေးထားသည့် e –commerce ဖွံ့ဖြိုး တိုးတက်မှုအား မြှင့်တင်ရန် စိတ်အားထက်သန်စွာ ဆောင်ရွက်နေပါသည်။ ထိုသို့ဆောင်ရွက်မှုများ အနက် နယ်စပ်ဖြတ်ကျော် e-commerce အတွက် ဘက်စုံသရုပ်ပြဇုန်တည်ဆောက်ရေးလည်း ပါဝင်ပါသည်။

ယခုအခါ နန်နင်းနှင့် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် e-commerce အတွက် ကုန်စည်ထောက်ပို့သယ်ယူပို့ဆောင်ရေးစနစ်အား စတင်ပုံဖော်နေပြီဖြစ်ပါသည်။ နန်နင်း၏ နိုင်ငံခြား ကုန်သွယ်ရေး၌ နယ်စပ်ဖြတ်ကျော် e-commerce မှာ ဖွံ့ဖြိုးမှုဒေါက်တိုင်အသစ်တစ်ခုဖြစ်လာ ပါသည်။

လက်ရှိအချိန်တွင် နန်နင်းမြို့မှ အာဆီယံနိုင်ငံများသို့ တိုက်ရိုက်လေကြောင်း ပြေးဆွဲမှု ပေါင်း (၂၃) လိုင်း ရှိပြီး၊ ဗီယက်နမ်နိုင်ငံ၏ ဟိုချီမင်းမြို့တော်နှင့် ဖိလစ်ပိုင်နိုင်ငံ၏ မနီလာမြို့တော် များနှင့် ကုန်သေတ္တာတင်လေယာဉ်များ ပြေးဆွဲလျက်ရှိပါသည်။

နန်နင်းမြို့တွင် တည်ဆောက်သွားမည့် စီမံကိန်းများအနက် နန်နင်းဝူရှု(Wuxu) အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပြည်တွင်းကုန်တင်လေဆိပ် ဒုတိယအဆင့်တည်ဆောက်ရေး၊ တရုတ်-စင်ကာပူ အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးနေရာနှင့် အရှေ့တောင်အာရှ၏အကြီးဆုံး e-commerce platform ဖြစ်သည့် Lazada ၏ နယ်စပ်ဖြတ်ကျော် တီထွင်ဆန်းသစ်မှု ဝန်ဆောင်မှုစင်တာကဲ့သို့ သော စီမံကိန်းများလည်း ပါဝင်မည်ဖြစ်ပါသည်။

လက်ရှိအချိန်တွင် နန်နင်းမြို့သည် အဓိကတရုတ် e-commerce ကုမ္ပဏီကြီးများဖြစ် ကြသည့် Alibaba၊ JD နှင့် SF Express တို့နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား တည်ထောင်ထားပြီး၊ နန်နင်းဘက်စုံသရုပ်ပြဇုန်အတွင်း၌ ကုမ္ပဏီပေါင်း (၈၀) ကျော် ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၃၀-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading