ပြည်ပသတင်းများ

ယခုနှစ် ပထမ(၃)လအတွင်း တရုတ်လုပ်ငန်းများ၏ ချေးငွေ ရယူလိုမှုများ မြင့်တက်လာ

ယခုနှစ် ပထမ(၃)လအတွင်း တရုတ်နိုင်ငံ၏ အလုံးစုံချေးငွေ ရယူလိုမှု အညွှန်းကိန်းမှာ (၇၇.၅) ရာခိုင်နှုန်းတက်လာကာ၊ ယခင်နှစ် စတုတ္ထ (၃) လနှင့် နှိုင်းယှဉ်ပါက (၅.၉) ရာခိုင်နှုန်း တက်လာကြောင်း တရုတ်ပြည်သူ့ဘဏ် (People’s Bank of China – PBOC)မှ အစီရင်ခံစာအရ သိရပါသည်။

ပထမ(၃)လအတွင်း ချေးငွေယူလိုအားများလာသည့် ကဏ္ဍများမှာ စက်မှုကုန်ထုတ်ကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် လက်လီလက်ကားကဏ္ဍများမှ ဖြစ်ပါသည်။

ပထမ (၃) လ၌ တရုတ်နိုင်ငံ၏ စီးပွားရေးတွင် ဘဏ်များ၏ စိတ်ချယုံကြည်မှုမှာ ၎င်းတို့၏ မေခရိုစီးပွားရေးအညွှန်းကိန်းနှင့်အတူ (၄၂.၄) ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး၊ ယခင် (၃) လပတ်ထက် (၈.၈) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပါသည်။

ထိုကဲ့သို့တိုးတက်လာခြင်းမှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းရှင် များ၏ ပိုမိုစိတ်အားထက်သန်လာမှုအား ပြသနေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားပါသည်။

ယခုနှစ် ပထမ(၃)လအတွင်း တရုတ်နိုင်ငံ၏ မေခရိုစီးပွားရေးအညွှန်းကိန်းမှာ (၃၈.၉) ရာခိုင်နှုန်း၌ ရပ်တည်နေပြီး၊ ယခင်နှစ် အလားတူကာလထက် (၂၆.၅) ရာခိုင်နှုန်းနှင့် စတုတ္ထ(၃) လကထက် (၄.၅)ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua (၂၈-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading