ပြည်ပသတင်းများ

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် ဥရောပနိုင်ငံများ အကြား နယ်စပ်ဖြတ်ကျော် အွန်လိုင်းရောင်းချရမှု (၃၅) ရာခိုင်နှုန်းဖြင့် စံချိန်တင်တိုးတက်ခဲ့ခြင်း

ဥရောပရှိ အွန်လိုင်းအရောင်းဆိုင်များအား ကောက်ယူခဲ့သည့် သုတေသနစစ်တမ်း တစ်ရပ်အရ   ၂၀၂၀ ပြည့်နှစ်တွင် ဥရောပ၌ နယ်စပ်ဖြတ်ကျော် အွန်လိုင်းရောင်းချရမှု (cross-border online sales) မှ ဝင်ငွေယူရို (၁၄၆) ဘီလျံရရှိခဲ့ပြီး၊ နှစ်အလိုက် တိုးတက်မှုနှုန်း (၃၅) ရာခိုင်နှုန်း ဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

Cross-Border Commerce Europe ၏ နှစ်စဉ်သုတေသန တတိယအကြိမ် ထုတ်ဝေမှု အရ IKEA ကုမ္ပဏီသည် ဥရောပရှိ အွန်လိုင်းရောင်းချခြင်းမှ ဝင်ငွေရရှိမှုတွင် ထိပ်ဆုံးနေရာ၌ ဉီးဆောင်နေပါသည်။ ဥရောပတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး lockdown များ ချမှတ် ခဲ့ပြီး၊ non-essential stores များ ပိတ်ထားရသဖြင့် လက်လီအရောင်းဆိုင်များက အွန်လိုင်း ရောင်းချမှုပုံစံသို့ ပြောင်းလဲဆောင်ရွက်လာခြင်းသည် နယ်စပ်ဖြတ်ကျော် အွန်လိုင်းရောင်းချမှု၌ ဝင်ငွေတိုးတက်ခဲ့ခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဟု ဆိုသည်။

အွန်လိုင်းနှင့် in-store နှစ်မျိုးစလုံးရောင်းချသည့် လက်လီဆိုင်များ၏ အွန်လိုင်း ကုန်သွယ်မှုသည် ပျမ်းမျှအားဖြင့် (၄၅) ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဖက်ရှင်ဆိုင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ဝင်ငွေ (၁၅) ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ၎င်းဆိုင်များ၏ အွန်လိုင်းမှ ရောင်းချရမှု တိုးတက်လာခဲ့သော်လည်း ကာလရှည်ကြာစွာ ဆိုင်များ ပိတ်ထားရမှုကြောင့် ကျဆင်းခဲ့သည့် ဝင်ငွေကို မကာမိနိုင်ခဲ့ကြောင်း သိရသည်။ အစားအသောက်လက်လီရောင်းချသည့်ဆိုင်များ (online and in-store) ၏ ဝင်ငွေသည် ၂၀၁၉ ခုနှစ်မှစတင်၍ (၁၀) ရာခိုင်နှုန်း တိုးတက်ခဲ့ပါ သည်။ ဥရောပနိုင်ငံသားများ၏ (၆၇) ရာခိုင်နှုန်းက ဗြိတိန်ခွဲထွက်မှု ကိစ္စရပ်နှင့် လက်ရှိကပ်ရောဂါ အကျပ်အတည်းများဖြစ်ပေါ်ပြီးနောက် Cross-border E-commerce ၏ အဆင်ပြေလွယ်ကူမှုကို ကြိုဆိုကြကြောင်း အဆိုပါစစ်တမ်းအရသိရသည်။

ရင်းမြစ် –   (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading