ပြည်ပသတင်းများ

ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံနှင့် ပေပု ပင်လယ်ကွေ့ဆိပ်ကမ်းတို့အား တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တွင် ဆက်လက်ပြသသွားမည်ဖြစ်

(၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းလမ်းစင်္ကြံအသစ်နှင့် ပေပုပင်လယ်ကွေ့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတို့အား အလေးထားသည့် ပြခန်းအား ဆက်လက်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲကျင်းပရေး အတွင်းရေးမှူးရုံးက မတ်လ (၉) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါ သည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲအား တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ဆက်သွယ်မှုကိုမြှင့်တင်ရေးအတွက် လုပ်ငန်းယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်း များအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။  ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံ တည်ဆောက်ရေးအတွက်  အရေးပါသည့်ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်ပေးသည့် ပေါင်းကူး နေရာကို ပံ့ပိုးပေးခြင်းဖြင့် တရုတ်နိုင်ငံ အနောက်ပိုင်းမှ ပြည်နယ်များနှင့် မြို့တော်များနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် လှုပ်ရှားမှုများကို တရုတ်-အာဆီယံ ကုန်စည်ပြပွဲက ဆောင်ရွက်ပေးခဲ့ပါသည်။

ပေပုပင်လယ်ကွေ့ဆိပ်ကမ်းမှာ ရှန်ဟိုင်းဆိပ်ကမ်း၊ ရှန်းကျန့်ဆိပ်ကမ်းနှင့် ကွမ်ကျိုး ဆိပ်ကမ်းတို့အပါအဝင် အခြားဆိပ်ကမ်း (၁၀) နေရာနှင့်အတူ တရုတ်နိုင်ငံ၏ ဘက်စုံသုံးဉီး သုံးဖလှယ်သယ်ယူပို့ဆောင်ရေးစီမံကိန်း၌ စာရင်းပါရှိသည့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း အချက် အချာ တစ်ရပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၂-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading