ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

မန္တလေးဈေးကွက်တွင် ယခုတစ်ပတ်  ဆန်ဈေးကွက် အခြေအနေမှာ ရွှေဘိုပေါ်ဆန်းနှင့် ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန်  အရောင်းအဝယ်ပုံမှန်ဖြင့်  ဈေးတည်ငြိမ်နေကြောင်း သိရှိရ ပါသည်။ ဇီယာဆန်မှာ အသစ်များ ဝင်ရောက်မှုရှိပြီး အသစ်အား ဝယ်လိုအားနည်းသေးသဖြင့် အသစ်မှာ ၃၀,၀၀၀ ကျပ်ဖြင့် ၎င်းအဟောင်းအား ၁တင်းခွဲအိတ် တစ်အိတ်လျှင်  ၃၃,၀၀၀ ကျပ် ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ မနောသုခနှင့့် ငစိန်မှာ မိုးမိတ် ၊ ရွှေကူသို့ တင်ပို့မှုရှိ ခဲ့ခြင်းကြောင့်  မနောသုခ ၁တင်းခွဲအိတ်တစ်အိတ်လျှင် ၂၈,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်၊ ငစိန် ၁တင်းခွဲအိတ်တစ်အိတ်လျှင် ၂၄,၅၀၀ကျပ် မှ ၂၅,၀၀၀ ကျပ်အထိ ဈေးမြင့်သွားကြောင်း သိရှိရ ပါသည်။ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းမှာ ပိတ်ထားခြင်းမရှိသော်လည်း ကုန်သည် ပွဲစား စုံလင်စွာလာရောက်မှုမရှိခြင်း၊ ငွေပေးချေမှုအခက်အခဲရှိခြင်း၊ ကားလမ်းများအခက်အခဲ ကြောင့် ပစည်းအဝင်နည်းခြင်းတို့ကြောင့် ပဲတီစိမ်း ၊ နှမ်း၊ ပဲစဉ်းငုံ ၊ မြေပဲစသော သီးနှံအချို့သာ ကြိုက်ရောင်းကြိုက်ဝယ် ဝယ်ယူမှုရှိခြင်း၊ ကုန်စည်ဒိုင် ပြင်ပတွင် ရောင်းဝယ်မှုပြုခြင်းတို့ကြောင့် ဈေးနှုန်းတိကျစွာ ပြတ်ခြင်းမရှိသဖြင့် ကုန်စည်ဒိုင်ပေါက်ဈေးထွက်ရှိခြင်းမရှိကြောင်း သိရပါ သည်။ ရောင်းဝယ်မှုရှိသော သီးနှံများမှာ (၅-၂-၂၀၂၁) ဈေးနှုန်းများထက် အားလုံးဈေးနိမ့်နေ သည်ဟုသာ သိရပါသည်။

စားဖိုဆောင်သီးနှံများအနေဖြင့်     ငရုတ်ခြောက် (လတ်) မှာ လက်ကျန်များ ကုန်ပြီး ပခုကဘက်မှ  စတင်ဝင်ရောက်လာသဖြင့် ဈေးမြင့်သွားပြီး ငရုတ်ခြောက် (ပွ) မှာဆင်ဖြူကျွန်း ဘက်မှ ဝင်ရောက်လာသဖြင့် တစ်ပိဿာလျှင် ၁၂,၅၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်သို့ ဈေးနိမ့်သွား ကြောင်းသိရှိရပါသည်။ ကြက်သွန်နီ (ကြီး/ လတ်/ ငယ်) ‌ဈေးနှုန်းမှ မြစ်သားကြက်သွန်နီမှာ အဝင်ပုံမှန်၊ အရောင်းအဝယ်ပုံမှန်ဖြင့် ဈေးတည်ငြိမ်နေပြီး နယ်စုံမှဝင်ရောက်သော ကြက်သွန်နီ များမှာ ကြီး/လတ်/ငယ် မခွဲဘဲ တစ်ပိဿာလျှင် ၃၀၀ ခန့်ရှိကြောင်းသိရပါသည်။ ကြက်သွန်ဖြူ (တရုတ်) အဝင်နည်းသဖြင့် တစ်ပိဿာလျှင် ၂,၃၀၀ကျပ် မှ ၂,၆၀၀ ကျပ်အထိ ဈေးမြင့်သွားပြီး ကြက်သွန်ဖြူ (ရှမ်း)  စတင်ထွက်ရှိသော်လည်း ဈေးကွက်သို့ အဝင်နည်းပြီး တစ်ပိဿာလျှင် ၂,၉၀၀ ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။ အာလူး (အိုကေ၊ အေဝမ်း၊ ဆွဲသီး) တို့မှာ ရာသီဥတု ကြောင့် အရည်အသွေးညံ့သွားသဖြင့် ဈေးနိမ့်သွားပြီး ပခုကသီးများ ဝင်ရောက်ပြီး တစ်ပိဿာ လျှင် ၈၅၀ ကျပ်၊ ရေဦးသီးများ တစ်ပိဿာလျှင် ၇၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။

ဟင်းသီး/ဟင်းရွက်ဈေးနှုန်းအနေဖြင့်  ခရမ်းချဉ် (ရှမ်းတောင်) မှ  အင်းသီးများ ရာသီ ကုန် အဝင်မရှိတော့ဘဲ ကုန်းသီးများသာ ဝင်ရောက်မှုများပြီး တစ်ပိဿာလျှင် ၄၀၀ ကျပ်ဖြင့် လည်းကောင်း၊ ထိုင်ဝမ်သီးများ တစ်ပိဿာလျှင် ၃၀၀ ကျပ်ဖြင့်လည်းကောင်း၊ မိတီလာဗမာသီး များလည်း ဝင်ရောက်ပြီး တစ်ပိဿာလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရှိရပါသည်။ ငရုတ်စို ( လတ် ) အား မုံရွာ၊ ချောင်းဦးမှ အဝင်များပြီး ငပိထောင်းသမားနှင့် လက်ဖက်သမား အဝယ်သာရှိပြီး ဗန်းမော်၊ ကွတ်ခိုင် တင်ပို့ရမှုနည်း၍  ဈေးနိမ့်သွားပါသည်။

သစ်သီးဝလံဈေးနှုန်းအနေဖြင့်  လိမ္မော်သီး၊ နာနတ်သီးများ အဝင်မရှိ၍ ပစည်းပြတ် နေကြောင်းသိရှိရပါသည်။ ထောပတ်သီးများမှာ ရာသီကုန်ခါနီးဖြစ်၍  (၁၀) လုံးလျှင် ၂,၅၀၀ ကျပ်မှ ၂,၉၃၀ ကျပ်သို့ ဈေးမြင့်နေပါသည်။ ပန်းသီးများမှာလည်း ကားလမ်းအခက်အခဲများ ကြောင့် ပစည်းအဝင်မရှိဘဲ လက်ကျန်အနည်းငယ်သာရှိပြီး ဈေးမြင့်နေပါသည်။ မူဆယ် ကားဂိတ်ကုန်စည်ပို့ဆောင်မှုအနေဖြင့်လည်း ကားများမထွက်သလောက်ရှားနေပြီး ယခင်ကာလ များကဲ့သို့ ချင်းရွှေဟော်နှင့် ၁၀၅ မိုင်ဂိတ်များမှ ကားအစီးရေ မည်မျှထွက်ရှိသည်ကို မှတ်သား နိုင်ခြင်းမရှိကြောင်း ဂိတ်မှူးထံမှ သိရပါသည်။

                                                                                                    (ဒေါ်ခင်မေကြည်၊ မန္တလေးဈေးကွက်)

Loading