ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံတွင် ရုရှနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ကို မတ်လတွင် စတင်ထိုးနှံနိုင်ရန် မျှော်မှန်း

ကိုဗစ်-၁၉ ကာကွယ်ဆေးစမ်းသပ်မှုအဆင့် ၃ ကို စတင် လုပ်ဆောင်ရန် ပြင်ဆင်နေမှု နှင့်အတူ ကူးစက်ရောဂါဆိုင်ရာ အရေးပေါ်အသုံးပြုခွင့်အတွက် ဘရာဇီးလ်နိုင်ငံဖက်ဒရယ် အစိုးရနှင့် ညှိနှိုင်းလျက်ရှိကြောင်း ဆေးဝါးလုပ်ငန်းကုမ္ပဏီများအစုအဖွဲ့ União Química ၏ နိုင်ငံတကာစီးပွားရေးလုပ်ငန်းများဌာနမှ ညွှန်ကြားရေးမှူး Rogério Rosso က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်တွင်းတွင် စမ်းသပ်စစ်ဆေးမှု မပြုလုပ်ဘဲ National Health Surveillance Agency (Anvisa) က အရေးပေါ်အသုံးပြုခွင့် ပေးခြင်းသည် ရုရှနိုင်ငံ၏ Sputnik V ကာကွယ်ဆေးနှင့် ပတ်သက်သည့် တာဝန်ရှိမှုအတွက် အလောင်းအစားပြုလုပ်သကဲ့သို့ဖြစ်နေကြောင်း ထောက်ပြပြောဆိုလျက်ရှိသည်။ ကာကွယ် ဆေးစမ်းသပ်မှုအဆင့် ၃ အား စတင်လုပ်ဆောင်ရန် မလိုအပ်ကြောင်း Rosso ၏ ခန့်မှန်းချက် လည်း ထွက်ပေါ်လျက်ရှိသည်။

ပုံမှန်နည်းစနစ်အရ ဘရာဇီးလ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးစမ်းသပ်ထိုးနှံခံယူမည့် လူပုဂ္ဂိုလ်များတွင် ကာကွယ်ဆေး၏တုန့်ပြန်မှုသည် ရက်ပေါင်း ၃၀ အတွင်းဖြစ်ပြီး ၎င်းနောက် ရက် ၂၀ ကြာမြင့်ချိန်တွင် တွေ့ရှိချက်များအား နိုင်ငံအတွင်းတွင် ပြုလုပ်မည့်စမ်းသပ် သုတေသနပြုမှုများအတွက် ထောက်ပံပေးသွားမည်ဖြစ်သည်။ လိုအပ်သောရလဒ်ကောင်းများ ထွက်ပေါ်ရန်လည်း မျှော်လင့်လျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဘရာဇီးလ် နိုင်ငံအတွင်း အရေးပေါ်အသုံးပြုခွင့် ညွှန်ကြားချက်တစ်ရပ်ထွက်ပေါ်လာခဲ့ရာ စမ်းသပ်စစ်ဆေး ခြင်း မပြုသဖြင့် ဝေဖန်မှုများမြင့်တက်ခဲ့သည်။ နိုင်ငံအတွင်း စမ်းသပ်စစ်ဆေးမှုလိုအပ်ချက်ကို ဖယ်ရှားပြီးနောက်တွင် ‌ကာကွယ်ဆေးအပေါ် စောင့်ကြည့်အကဲဖြစ်မှုများအား ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း Rosso က ပြောကြားခဲ့သည်။ ထို့အပြင် Anvisa မှ ပညာရှင်များ နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်ပတ်သက်သည့် တာဝန်ရှိသူများအကြား နေ့စဉ်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ရလဒ်ကောင်းမျှော်လင့်ချက်များနှင့်အတူ ဝယ်ယူမည့် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁၀ သန်းအား ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် ရောက်ရှိနိုင်ရေးအတွက် ရုရှနိုင်ငံမှ ဆေးဝါး ကျွမ်းကျင်သူများအပါအဝင် ဘရာဇီးလ်နိုင်ငံတွင် ထုတ်လုပ်မည့် Sputnik V နှင့် သက်ဆိုင် သည့် ဓာတုဗေဒကောင်စီမှ ကိုယ်စားလှယ်အဖွဲ့များသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြေပြင်အခြေအနေအရ ညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရန် Rosso က ခန့်မှန်းပြောကြားခဲ့သည်။ Anvisa ကလည်း လိုအပ်သော ကုန်ကြမ်းများ တင်ပို့ပေးရန် ညှိနှိုင်း လျက်ရှိပြီး ဘရာဇီးလ်နိုင်ငံ၏ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ စံချိန်စံညွှန်းအချက်အလက်များ အား ရုရှနိုင်ငံသို့ ပေးပို့သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရုရှနိုင်ငံထုတ် Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ၉၁.၆ ရာခိုင်နှုန်းထိရောက် စွာ ကာကွယ်‌ပေးနိုင်ကြောင်း သိပ္ပံပညာဂျာနယ်များတွင် ဖော်ပြလျက်ရှိပြီး ဘရာဇီးလ်နိုင်ငံ တွင် ထုတ်လုပ်ရန်နှင့် ဆေးဝါပြတ်လပ်မှုအတွက် လွတ်လပ်စွာစီမံဖြန့်ဖြူခွင့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး Oxford vaccine နှင့် CoronaVac တို့ကို ဘရာဇီးလ်နိုင်ငံ တွင် လွတ်လပ်စွာထုတ်လုပ်ဖြန့်ဖြူးရန်အတွက် နည်းပညာလွှဲပြောင်းရရှိနိုင်ရေး ကြိုပမ်း လုပ်ဆောင်နေသည့် လတ်တလောအခြေအနေတွင် Sputnik V သည် ဘရာဇီးလ်နိုင်ငံတွင် ကုန်ကြမ်းမှ ကုန်ချောအဆင့်အထိ ထုတ်လုပ်နိုင်မည့် တစ်ခုတည်းသော ကိုဗစ်-၁၉ ကာကွယ် ဆေး ဖြစ်လာသည်။

ဆေးဝါးကုမ္ပဏီများအစုအဖွဲ့ União Química သည် ဧပြီလအတွင်း ကိုဗစ်-၁၉ ကာကွယ်‌ဆေး အလုံးပေါင်း ၈ သန်းအထိ ထုတ်လုပ်မည်ဖြစ်ပြီး ပြည်တွင်းတွင် အသုံးပြုရန် အတွက် ကာကွယ်‌ဆေးမှတ်ပုံတင်ခြင်းနှင့် အမျိုးသားကာကွယ်ဆေး ထိုးနှံ‌ရေးအစီအစဉ် (PNI) နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတို့အတွက် ရက်ပေါင်း ၆၀ ကျော်ကြာမြင့်လိမ့်မည်ဖြစ်သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – Vaccination with Sputnik V in Brazil starts in March, estimates Rosso

                               https://www.correiobraziliense.com.br/brasil/2021/02/4904638-vacinacao-com-sputnik-v-no-brasil-comeca-em-marco-estima-rosso.html?utm_source=push&&utm_ medium=push

Loading