ပြည်ပသတင်းများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ နိုင်ငံခြားငွေ လဲလှယ်မှုမှ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃.၈၀၁ ဘီလီယံရှိကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်မှု မှ ဝင်ငွေအမေရိကန်ဒေါ်လာဘီလီယံ ၃.၈၀၁ ရရှိခဲ့ကြောင်း ဗဟိုဘဏ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ကာလတူတွင်လည်း နိုင်ငံခြားငွေလဲလှယ်မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာဘီလီယံ ၃.၃၁၄ ရရှိခဲ့သည်။

ကဏ္ဍအသီးသီးမှ စုစုပေါင်းနိုင်ငံခြားငွေဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာဘီလီယံ ၅၃.၃၈၇ ဝင်ရောက်ခဲ့ပြီး ပင်လယ်ရေကြောင်းမှ တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၈.၂၉၄ ပြည်ပသို့ စီးထွက်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ နိုင်ငံခြားငွေ အသားတင် စီးဝင်မှုမှာ အမေရိကန်ဒေါ်လာဘီလီယံ ၅.၀၉၃ ဖြစ်သည်။ နိုင်ငံခြားငွေအများဆုံး ဝင်ရောက်ခဲ့သည့်ကဏ္ဍများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံ မှု၊ အမြတ်ငွေလွှဲပြောင်းရရှိမှုနှင့် ဘဏ်အပ်ငွေမှ အတိုးနှုန်းရရှိမှုတို့ဖြစ်သည်။

ကုန်သွယ်မှုလုပ်ငန်းမှ နိုင်ငံခြားငွေရရှိမှုမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ အထိ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာဘီလီယံ ၁၅.၇၄၅ နှင့် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာဘီလီယံ ၁၇.၀၃၇ ဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာဘီလီယံ ၁.၂၉၂ ဖြစ်ပေါ်ခဲ့သည်။ ပို့ကုန်မှ ရငွေများတွင် Foreign Exchange Contract Advance(ACC)မှ ရရှိငွေ အမေရိကန်ဒေါ်လာဘီလီယံ ၂.၀၃၃၊ Advance Payment (PA) မှ ရရှိငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၃.၂၉၄ နှင့် အခြားဝင်ငွေရလမ်းများမှ ဝင်ငွေအမေရိကန်ဒေါ်လာဘီလီယံ ၁၀.၄၁၈ တို့ ပါဝင်သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘရာဇီးလ်နိုင်ငံအတွင်းသို့ စီးဝင်သည့် အသားတင် ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာဘီလီယံ ၂.၉၇၉ ဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့အတွင်း နိုင်ငံခြားငွေလဲလှယ်မှုမှရရှိငွေ အမေရိကန်ဒေါ်လာဘီလီယံ ၁.၀၀၅ စီးဝင်ခဲ့ကြောင်း ဘရာဇီးလ် နိုင်ငံဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

၎င်းကာလအတွင်း ကဏ္ဍအသီးသီးမှ စီးဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာဘီလီယံ ၁၁.၃၃၇ ဖြစ်ပြီး နိုင်ငံပြင်ပသို့ အကြောင်းအရာအမျိုးမျိုးဖြင့် စီးထွက်ငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၉.၈၆၅ ရှိသဖြင့် အသားတင်စီးဝင်ငွေ အမေရိကန်ဒေါ်လာဘီလီယံ ၁.၄၇၂ ပိုမိုရရှိခဲ့ သည်။

ပြည်ပကုန်သွယ်မှုတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့အတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ဘီလီယံ ၃.၃၇၉ နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာဘီလီယံ ၃.၈၄၆ ဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေအမေရိကန်ဒေါ်လာသန်း ၄၆၇ ဖြစ်ပေါ်ခဲ့သည်။ ပို့ကုန်တန်ဖိုးတွင် Foreign Exchange Contract Advance (ACC) မှ အမေရိကန်ဒေါ်လာသန်း ၃၉၂ ၊ Advance Payment (PA) မှ အမေရိကန်ဒေါ်လာဘီလီယံ ၁.၃၁၃ နှင့် အခြားဝင်‌ငွေရလမ်းများမှ အမေရိကန်ဒေါ်လာ ဘီလီယံ ၁.၆၇၄ တို့ပါဝင်သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – Dollar inflow exceeds output by $3,801 billion by February 5, bc says, CORREIO BRAZILIENSE

Loading