ပြည်ပသတင်းများ

သယ်ယူပို့ဆောင်ရေးကွန်ယက် တည်ဆောက်မှုအား အရှိန်မြှင့် တင်ဆောင်ရွက်နေသည့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ယခုနှစ်အတွင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဘက်စုံနည်းလမ်းသုံးသွယ် သယ်ယူပို့ဆောင်ရေးကွန်ယက် တည်ဆောက်မှုအား အရှိန်အဟုန်မြှင့်တင်သွားမည်ဟု ကွမ်ရှီး သယ်ယူပို့ဆောင်ရေးဌာနက ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကြေငြာလိုက်ပါသည်။

ယခုနှစ်အတွင်း ကွမ်ရှီး၏ သယ်ယူပို့ဆောင်ရေးတွင် ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု အတွက် နှစ်စဉ်ရည်မှန်းချက်မှာ  ယွမ်ငွေ (၂၂၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄.၁၁ ဘီလီယံ) သို့ ရောက်ရှိလိမ့်မည်ဖြစ်ပါသည်။ ယခုနှစ်မှာ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ကွမ်ရှီးက တရုတ် နိုင်ငံတွင် ဉီးဆောင်နေသော ဒေသဖြစ်လာစေရေးအတွက် ဖွံ့ဖြိုးသွားမည့် အစီအမံများအား စတင်သော နှစ်ဖြစ်လာပါသည်။

ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော်ဖြစ်သော နန်နင်းမြို့အား ဘက်စုံသယ်ယူ ပို့ဆောင်ရေးအချက်အချာမြို့အဖြစ် တည်ဆောက်သွားမည်ဖြစ်ပါသည်။

ဟာပူ-ကျဲ့ကျန်း အမြန်ရထားလမ်းအပါအဝင် ရထားလမ်းစီမံကိန်း (၆) ခုအား ယခု နှစ်အတွင်း ကွမ်ရှီးက စတင်တည်ဆောက်သွားမည်ဖြစ်ကာ၊ ကွေ့ရန်-နန်နင်း အမြန်ရထားလမ်း အပါအဝင် စီမံကိန်း (၉) ခုတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရပါသည်။

ယခုနှစ်အတွင်း စုစုပေါင်းလမ်းအရှည် (၂,၃၃၄) ကီလိုမီတာရှိမည့်အဝေးပြေးလမ်းမကြီး (၃၃) ခုကို စတင်တည်ဆောက်သွားမည်ဖြစ်ကာ၊ စုစုပေါင်းလမ်းအရှည် (၃,၃၅၄) ကီလိုမီတာ ရှိမည့် အဝေးပြေးလမ်းမကြီး (၄၁) ခုအား ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပါသည်။  စုစုပေါင်းလမ်းအရှည် (၅၁၉) ကီလိုမီတာရှိသည့် အဝေးပြေးလမ်း (၆) ခုအား စတင်အသုံးပြု သွားမည်ဖြစ်သဖြင့် ကွမ်ရှီးဒေသအတွင်း စုစုပေါင်းအဝေးပြေးလမ်းအရှည်မှာ ကီလိုမီတာ (၇,၃၀၀) ကျော်ရှိလာတော့မည်ဖြစ်ပါသည်။

ပိုင်စဲ့ရေလှောင်ကန်စီမံကိန်း၏ ရေကြောင်းပြအထောက်အကူများအပါအဝင် စီမံကိန်း (၇) ခုအား စတင်တည်ဆောက်သွားမည်ဖြစ်ကာ၊  လိုင်ပင်း (Laibin) နှင့် ကွေ့ပင်း (Guiping) တို့အကြား မက်ထရစ်တန်ချိန် (၂၀၀၀) လမ်းကြောင်းအပါအဝင် စီမံကိန်း(၂၀) တို့ကိုလည်း ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ဖန်ချန်းကန်ဆိပ်ကမ်း၏ ချီရှ (Qisha) ဆိပ်ကမ်းဧရိယာရှိ ထန်ယို (Tanyou) လုပ်ငန်းဆောင်ရွက်သည့်နေရာသို့ အဝင်လမ်း ကြောင်း၏ ပထမအဆင့်ကဲ့သို့သော စီမံကိန်း (၆) ရပ်ကိုလည်း အပြီးသတ် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ဖန်ချန်းကန်လေဆိပ်နှင့် ဟန်ကျိုးလေဆိပ်တို့၏ ကနဉီးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နန်နင်း ဝူရှုအပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည် ပြင်ဆင်မှုများ စတင်ရေးနှင့် တိုးချဲ့ခြင်းစီမံကိန်းအား အစောဆုံးစတင်နိုင်ရေးတို့အား မြှင့်တင် ဆောင်ရွက်သွားရန် အားထုတ်ကြိုးပမ်းမှုများကို ကွမ်ရှီးက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယခုနှစ်တွင် နန်နင်းစာတိုက်ချောပို့စင်တာတည်ဆောက်ရေးအား စတင်လိမ့်မည် ဖြစ်ကာ နန်နင်းနှင့် လျိုကျိုးအခြေစိုက် SF တီထွင်ဆန်းသစ်သည့် ပို့ဆောင်ရေးအပါအဝင် အခြားစီမံကိန်း (၅) ခုတို့ကိုလည်း ယခုနှစ်အတွင်း စတင်လည်ပတ်သွားရန် စီစဉ်ထားရှိပါသည်။

ယခုနှစ်အတွင်း နန်နင်းမြေအောက်ရထားလိုင်းအမှတ် (၅) ကိုလည်း စတင်စမ်းသပ် ပြေးဆွဲသွားရန် စီစဉ်ထားကာ လျိုကျိုးမြေအောက်ရထားလိုင်း အမှတ် (၁) နှင့် (၂) တို့ကိုလည်း စတင်တည်ဆောက်သွားမည်ဖြစ်ပါသည်။

ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသအား ဆက်သွယ်သည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတည်ဆောက်ရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ် ရေကြောင်း ကုန်သွယ်ရေးစင်္ကြံအသစ်အတွက် သယ်ယူပို့ဆောင်ရေးစနစ် တည်ဆောက်ရေးနှင့် ဘေဟိုင်၊ ချင်းကျိုးနှင့် ဖန်ချန်းကန်တို့အကြား သယ်ယူပို့ဆောင်မှုပေါင်းစည်းရေးတို့ကဲ့သို့သော နယ်ပယ်များတွင်လည်း အားထုတ်ကြိုးပမ်းမှုများအား ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading