ပြည်ပသတင်းများ

တရုတ်-ဗီယက်နမ် မီးရထားပို့ဆောင်ရေးလမ်းကြောင်း တိုး တက်ဖြစ်ထွန်းလာ

(၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့ရှိ စာရင်းများအရ တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော်မီးရထားအစီးရေ စုစုပေါင်း (၂၇) စင်းအား ပြေးဆွဲပြီးဖြစ်သဖြင့် ယခင်နှစ်က ထက် (၁၂၅) ရာခိုင်နှုန်းတိုးတက်လာကြောင်း တွေ့ရှိပါသည်။

တရုတ်နှင့် ဗီယက်နမ်အကြား လွယ်ကူချောမွေ့သည့် သယ်ယူပို့ဆောင်ရေး ဖြစ်စေရေး သေချာစေရန် နယ်စပ်ဖြတ်ကျော်မီးရထားများအား တင်းကြပ်သည့် ပိုးသတ်သော လုပ်ငန်းစဉ် များဆောင်ရွက်ကာ ပြေးဆွဲလျက်ရှိပါသည်။

တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ ဂျုံ၊ ဂျုံမှုန့်၊ သန့်စင်ပြီး ဆား၊ ဖန်ထည်၊ ချည်လုံးနှင့် ဒီဇယ်အင်ဂျင်တို့ကဲ့သို့သော ကုန်ပစ္စည်းများအား တင်းကြပ်သည့်သီးခြားထား စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်ဆေးမှုအောင်မြင်မှသာလျှင် အာဆီယံနိုင်ငံများသို့ တင်ပို့ရန် ရထားပေါ်သို့ တင်ခွင့်ပြုကြောင်းနှင့် အာဆီယံနိုင်ငံများမှ တင်သွင်းလာသည့် အဝတ်အထည်နှင့် နေ့စဉ်လူသုံးကုန်ပစ္စည်းများအား တရုတ်နိုင်ငံ၊ ပင်းရှန်ဘူတာသို့ ဆိုက်ရောက်လာသည့်အခါ ကုန်ချခြင်းမပြုမီ ပိုးသတ်ဆောင်ရွက်သည့်စနစ်အား ပထမဆုံးအောင်မြင်စွာ ဖြတ်သန်းရန် လိုအပ်ကြောင်း သိရပါသည်။

ပြည်ပနိုင်ငံများတွင် ကပ်ရောဂါအခြေအနေ၏ သက်ရောက်မှုကြောင့်  နယ်စပ်ဖြတ် ကျော် သယ်ယူပို့ဆောင်မှုများအပေါ် သက်ရောက်မှုရှိခဲ့သော်လည်း၊ နယ်စပ်ဖြတ်ကျော်မီးရထား များဖြင့် ကုန်ပစ္စည်းတင်သွင်းမှုများမှာ (၂၀၂၀) ခုနှစ်မှစ၍ နှစ်စဉ်တိုးတက်မှုနှုန်း(၁၅) ရာခိုင်နှုန်း ဖြင့် စတင်တိုးတက်လာခဲ့ပါသည်။

နန်နင်းအပြည်ပြည်ဆိုင်ရာရထားဘူတာမှ ထွက်ခွာသည့် တရုတ်-ဗီယက်နမ် နယ်စပ် ဖြတ်ကျော် မီးရထားများမှာ (၃၃) ရာခိုင်နှုန်းခန့်ရှိနိုင်ကြောင်းခန့်မှန်းထားပြီး၊ ၎င်းမီးရထားများ မှာ တရုတ်နှင့် အာဆီယံနိုင်ငံများ နှစ်ဘက်လုံးတွင် နိုင်ငံခြားကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် အဓိက မောင်းနှင်အားများဖြစ်လာမည်ဟု မျှော်မှန်းထားပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading