ပြည်ပသတင်းများ

ဟောင်ကောင်ဈေးကွက်အတွင်း ကွမ်ရှီးကုမ္ပဏီ (၂၃၂)ခု အမည်ရလာ

ကွမ်ရှီးကုမ္ပဏီ (၂၃၂) ခုမှ ကုန်ပစ္စည်း (၂၆၄) ခုတို့သည် ဟောင်ကောင် စံချိန်စံညွှန်း နှင့် စမ်းသပ်မှုစင်တာနှင့် ပူးပေါင်းဆောင်ရွက်မှုမှတဆင့် (၂၀၂၀) ခုနှစ်အတွင်း ဟောင်ကောင် ဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း ကွမ်ရှီးဈေးကွက်စီမံကြီးကြပ်ရေးဗျူရိုက ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

၎င်းကုန်ပစ္စည်းများအား ဟောင်ကောင်မှ နိုင်ငံနှင့် ဒေသပေါင်း (၃၀) ကျော်သို့ တင်ပို့နိုင်ခဲ့သောကြောင့် တန်ဖိုးယွမ်ငွေ (၂.၆၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁၆.၅ သန်း) သို့ ရောက်ရှိခဲ့ပါသည်။ ဈေးကွက်စီးပွားရေးဖွံ့ဖြိုးရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးတွင် အရည်အသွေး  ထောက်ခံချက်ရရှိရေးမှာ အဓိကအရေးပါပါသည်။

ကွမ်ရှီးသည် တရုတ်နှင့် အာဆီယံတို့အကြား နည်းပညာအဆင့်မြင့် ကုန်ပစ္စည်းစစ် ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် လက်မှတ်ထုတ်ပေးသည့် ဝန်ဆောင်မှုများအမည်ရှိ ပိုမိုနီးကပ် သော စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (Closer Economic Partnership Arrangement – CEPA) ပေါ်တွင် နန်နင်းမြို့၌ အခြေပြုသည့် သရုပ်ဖော်စမ်းသပ်ဇုန်ကို တည်ဆောက်လျက်ရှိပါသည်။

ကွမ်ရှီးနှင့် ဟောင်ကောင်ဒေသနှစ်ခုလုံးမှ စစ်ဆေးထားသည့်အချက်အလက်များနှင့် ဓာတ်ခွဲခန်းရလဒ်များအကြား အပြန်အလှန်အသိအမှတ်ပြုမှုကို ရရှိထားပြီဖြစ်ပါ သည်။

ထို့ပြင် ဟောင်ကောင် အဆင့်မြင့်အရည်အသွေးလက်မှတ်အား နှစ်စဉ်ရရှိစေရန် ပြည်တွင်းကုမ္ပဏီများအား ပံ့ပိုးပေးရန် အထူးရန်ပုံငွေကို ကွမ်ရှီးကတည်ထောင်ထားပြီးဖြစ်ကာ၊ ကွမ်ရှီးကုမ္ပဏီများ အပြည်ပြည်ဆိုင်ရာဈေးကွက်များဆီသို့ တိုးချဲ့ရေးအား ကူညီရန် ဟောင်ကောင် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၃-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading