ပြည်ပသတင်းများ

အာဆီယံကိုအလေးထားသည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တံခါးဖွင့်ပေးမှုများကို မြှင့်တင်ဆောင်ရွက်နေသည့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ကပ်ရောဂါဖြစ်ပွားမှုများကြောင့် သက်ရောက်မှုများရှိသော် လည်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် အပြည်ပြည်ဆိုင်ရာလယ်ယာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရာ၌ သိသာထင်ရှားသည့်ရလဒ်များ ရရှိနေကြောင်း  ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာန၏ ညွှန်ကြားရေးမှူး Liu Jun က ဇန်နဝါရီ လ (၂၁) ရက်နေ့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ ပြည်သူ့ကွန်ဂရက်စ်၌ ပြောကြားခဲ့ပါသည်။

ကွမ်ရှီးဒေသသည် လယ်ယာစိုက်ပျိုးရေးအားဖြင့် ကြီးမားသည့် အကျိုးကျေးဇူးများကို ရရှိနေသဖြင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကုန်ပစ္စည်းများကို ပို့ကုန်တင်ပို့ရာတွင် အလားအလာ ကြီးများ တွေ့မြင်နေရပါသည်။ ဤဒေသသည် (၂၀၁၃) ခုနှစ်မှစ၍ လယ်ယာစိုက်ပျိုးရေးတွင် အပြည်ပြည်ဆိုင်ရာတံခါးဖွင့်ပေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် စုစုပေါင်းစီမံကိန်း (၂၂) ရပ်အား စတင်ခဲ့ကာ၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်းလ်နှင့် ကမ္ဘောဒီးယားစသည့် အာဆီယံ နိုင်ငံများတွင် စမ်းသပ်ရန် သီးနှံမျိုးစိတ်ပေါင်း (၇၅၀) ကျော်ကို စိုက်ပျိုးခဲ့ပါသည်။

(၂၀၂၀)ခုနှစ်အတွင်း မလေးရှားနိုင်ငံတွင် ကွမ်ရှီးက တည်ထောင်ခဲ့သည့် ပူးပေါင်း ဆောင်ရွက်မှုသရုပ်ပြဇုန်အတွင်း သီးနှံမျိုးစိတ်ပေါင်း (၃၀) အား ရွေးချယ်ခဲ့ကာ၊ အဝေးမှ အွန်လိုင်း ဖြင့် နည်းပညာဆိုင်ရာသင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု၏တစ်စိတ် တစ်ပိုင်းဖြစ်သည့် အခြေခံအဆောက်အအုံ ပြင်ဆင်မွမ်းမံခြင်းနှင့် ပစ္စည်းများစုဆောင်းခြင်းတို့ အား အပြီးသတ်နိုင်ခဲ့ပါသည်။

ကွမ်ရှီးဒေသသည် ဗီယက်နမ်နှင့် နယ်စပ်မြို့ (၂) မြို့ဖြစ်သည့် တုန်ရှင်းနှင့် ပင်းရှန်တွင် စမ်းသပ်ဇုန်အသစ်များ တည်ထောင်သွားမည်ဖြစ်ပါသည်။ ပင်းရှန်စမ်းသပ်ဇုန်တွင် ပြိုင်ဆိုင်နိုင် စွမ်းကြီးသည့် လယ်ယာစိုက်ပျိုးရေးပို့ကုန်ဉီးစားပေးကုမ္ပဏီများအား စုစည်းသွားကာ လုပ်ငန်း အစုအဖွဲ့အသွင် တည်ထောင်သွားမည်ဖြစ်ပါသည်။

(၂၀၂၀) ခုနှစ်အတွင်း ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်း (၄) ခုတို့က  ပြည်ပရှိ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်  စာချုပ်ပါ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၈၅.၈၈) သန်းဖြင့် အသစ်မှတ်ပုံတင်ခဲ့ရာ၊ ယခင် နှစ်ကထက် (၁၃.၅) ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပါသည်။ (၂၀၂၀) ခုနှစ် အကုန်တွင် ကွမ်ရှီး လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီစုစုပေါင်း (၁၁၄) ခုက ကမ္ဘာတစ်ဝှမ်းသို့ သွားရောက် လုပ်ကိုင်ကြရန် မှတ်ပုံတင်ထားပြီးဖြစ်ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂၂-၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့

Loading