ပြည်ပသတင်းများ

ထိရောက်မှုရှိသော အဝင်အထွက်ပိတ်ပင်မှုများကြောင့် တရုတ် နိုင်ငံ၏ဖွံ့ဖြိုးမှု ပြန်လည်ခုန်တက်လာမည်ဟု ခန့်မှန်းထား

တရုတ်နိုင်ငံအတွင်း ကိုရိုနာကပ်ရောဂါအား တုန့်ပြန် ဆောင်ရွက်နေသော တင်းကြပ်သော အဝင်အထွက်ပိတ်ပင်သည့် စီမံဆောင်ရွက်မှုများက ထိရောက်မှုရှိသောကြောင့် (၂၀၂၁) ခုနှစ်အတွင်း စီးပွားရေးထောင်တက်လာမည်ဟု BBC ကို ကိုးကား၍ The Sputnik က အစီရင်ခံ စာထုတ်ပြန်ထားပါသည်။ ပြည်နယ်အချို့တွင် ကိုရိုနာကပ်ရောဂါဖြစ်ပွားမှု အနည်းငယ်ရှိနေ သော်လည်း ပုံမှန်နီးပါးပြန်လည်ရောက်ရှိလာပြီဖြစ်ကာ၊ ဆက်လက်ဖွံ့ဖြိုးသွားမည်ဖြစ်သည်ဟု The Sputnik က ထောက်ပြရေးသားထားပါသည်။

တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ (၂၀၂၀) ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ (၂.၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ နှစ်အလိုက် ပြည်တွွင်းအသားတင် ထုတ်လုပ်မှု (GDP) မှာ ယွမ်ငွေ (၁၀၁.၆) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၆၆ ထရီလီယံ) ရှိခဲ့ပါသည်။ စတုတ္ထသုံးလပတ်အတွင်း GDP ဖွံ့ဖြိုးမှု (၆.၅) ရာခိုင်နှုန်းရှိခဲ့ကာ၊ ဒီဇင်ဘာလအတွင်း စက်မှုကုန်ထုတ်လုပ်မှုတွင် (၇.၃) ရာခိုင်နှုန်း တိုးချဲ့နိုင်ခဲ့ပါသည်။

(၂၀၂၁) ခုနှစ်မှ (၂၀၂၅) ခုနှစ်အထိ တရုတ်နိုင်ငံအတွက် ဖွံ့ဖြိုးမှုလမ်းကြောင်းနှုန်းမှာ နှစ်စဉ် (၅.၇) ရာခိုင်နှုန်းရှိလိမ့်မည်ဖြစ်ပြီး၊ (၂၀၂၆) ခုနှစ်မှ (၂၀၃၀) ခုနှစ်အထိ နှစ်စဉ် (၄.၅) ရာခိုင်နှုန်း၊ (၂၀၃၁) ခုနှစ်မှ (၂၀၃၅) ခုနှစ်အထိ နှစ်စဉ် (၃.၉) ရာခိုင်နှုန်းရှိလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်၏ Center for Economics and Business Research ကို ကိုးကား၍ The Sputnik ၏ အစီရင်ခံစာ၌ ဖော်ပြထားပါသည်။

ရင်းမြစ်၊ China Daily (၂၂-၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading