ပြည်ပသတင်းများ

ဗြိတိန်နိုင်ငံအပေါ် ခရီးသွားလာမှုများ ပိတ်ပင်ထားခြင်း ကို ဖယ်ရှားရန် ဥရောပကော်မရှင် တောင်းဆို

ဗြိတိန်နိုင်ငံတွင် တွေ့ရှိထားသော ကူးစက်မှုပိုမြန်နိုင်သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ပျံ့နှံ့မှုကို တားဆီးရန်အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများက ဗြိတိန်နိုင်ငံအပေါ် လေကြောင်း နှင့် ရထားဖြင့် ခရီးသွားလာမှုများ ပိတ်ပင်ထားခြင်းကို ဖယ်ရှားသင့်ကြောင်း ဥရောပကော်မရှင် က ၂၂-၁၂-၂၀၂၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မိမိတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် ဝင်ရောက်လာသူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကင်းရှင်းကြောင်းစစ်ဆေးချက်ပါရှိခဲ့လျှင်ဖြစ်စေ၊ သီးသန့်ခွဲခြား၍နေထိုင်လျှင်ဖြစ်စေ ထိုသို့ ခရီးသွားလာမှုပိတ်ပင်ထားခြင်းမှ ကင်းလွတ်ခွင့်ရရှိ သင့်ကြောင်း ဥရောပကော်မရှင်က ဆိုသည်။

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်မျိုးကွဲပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကြိုတင်ကာကွယ်မှု များကို မြန်ဆန်စွာဆောင်ရွက်ရန် အရေးကြီးနေစဉ်တွင် ဗြိတိန်နိုင်ငံနှင့် အီးယူအကြား non-essential travel အနေဖြင့် ခရီးသွားလာမှုများကို တားမြစ်သင့်သော်လည်း ကုန်စည်စီးဆင်းမှု များ နှောင့်နှေးမှုမရှိစေရန်နှင့် မဖြစ်မနေ ခရီးသွားလာရမည့်သူများ၊ တစ်ဆင့်ဖြတ်သန်းခရီးသွား လာသူများ (transit passengers) ကိုမူ လွယ်ကူချောမွေ့စေရေး ဆောင်ရွက်ပေးသင့်ကြောင်း ဥရောပကော်မရှင်က ပြောကြားသည်။

အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ဆေးဘက်ဆိုင်ရာဝန်ထမ်းများစသည့် အရေးကြီး တာဝန်ဖြင့် ခရီးသွားလာသူများကို ကန့်သတ်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုသင့်ကြောင်း၊ သယ်ယူ ပို့ဆောင်ရေးဝန်ထမ်းများ နယ်စပ်ဖြတ်ကျော်ရာတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းနှင့် သီးသန့် နေထိုင်စေခြင်း၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းတို့မှ ကင်းလွတ်ခွင့်ပြုသင့်ကြောင်း ဥရောပကော်မရှင် က ဆိုသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများသည် ဗြိတိန်နိုင်ငံမှ ခရီးသွား အဝင်/ အထွက်များကို ၂၀-၁၂-၂၀၂၀ မှစတင်၍ပိတ်ထားခဲ့ပြီး၊ ပြင်သစ်နိုင်ငံမှ (၄၈) နာရီကြာ ဗြိတိန်နိုင်ငံအပေါ် ခရီးသွား ပိတ်ပင်မှုသည် သယ်ယူပို့ဆောင်ရေးဝန်ထမ်းများလည်း အကျုံးဝင်သဖြင့် နယ်စပ်ဖြတ်ကျော် Channels များတွင် ထရပ်ကားအမြောက်အများ  ပိတ်မိနေခြင်းစသည့် အခြေအနေများဖြစ်ပေါ် ခဲ့ကြောင်းသိရသည်။

ရင်းမြစ် – (Politico)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading