ပြည်ပသတင်းများ

မြို့ပြဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းလာသည့် တရုတ်နိုင်ငံ

(၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၂၀) ကာလ အတွင်း တရုတ်နိုင်ငံ၏ မြို့ပြ ဖွံ့ဖြိုးမှုပုံစံအသစ်မှာ ပိုမိုနက်ရှိုင်းစွာ ရှေ့သို့ ရောက်လာခဲ့ကာ မြို့ပြတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် စံချိန်တင်ရလဒ်ကောင်းများရရှိခဲ့ကြောင်း သိရပါသည်။

ယခုနှစ်ကုန်၌ တရုတ်နိုင်ငံတွင် မြို့ပေါင်း (၆၈၄) မြို့ရှိကာ မြို့ပြနယ်မြေတည်ဆောက် ထားမှုမှာ (၆၀,၃၀၀) စတုရန်းကီလိုမီတာရှိကြောင်း တရုတ်အိုးအိမ်နှင့် မြို့ပြ – ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး Wang Menghui က ပြောကြားထားပါသည်။

ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မြို့ပြလူနေရပ်ကွက်ပေါင်း (၃၉,၇၀၀) ခန့် အား ပြန်လည်ပြုပြင်ရေးစီမံကိန်းများတွင် ထည့်သွင်းခဲ့ရာ၊၎င်းရပ်ကွက်ဟောင်းများတွင် နေထိုင် ကြသည့် အိမ်ထောင်စုပေါင်း (၇.၂၅) သန်းမှာ ပိုမိုတိုးတက်ကောင်းမွန်သည့် နေထိုင်မှုအခြေ အနေများ ရရှိခဲ့ပါသည်။

(၂၀၁၉) ခုနှစ်တွင် လူတစ်ဉီးချင်း၏ အိမ်ရာနေရာထိုင်ခင်းနေရာမှာ မြို့ပြဒေသ၌ (၃၉.၈) စတုရန်းမီတာနှင့် ကျေးလက်ဒေသတွင် (၄၈.၉) စတုရန်းမီတာ အသီးသီးဖြစ်ပါသည်။

(၂၀၂၁) ခုနှစ်အတွင်း မြို့တော်များ၏ အရည်အသွေး၊ လုပ်ငန်းတာဝန်၊ တည်ဆောက်မှု ပုံစံများ တိုးတက်စေရန် ဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးနည်းလမ်းများအား အသွင်ပြောင်းလဲ ရေးအပါအဝင် မြို့တော်များ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရေးအတွက် အားထုတ်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ လူများနေထိုင်ရန်အပြင် သက်ဝင်လှုပ်ရှားသော၊ စိမ်းလန်းသော၊ ခေတ်မီနည်းပညာသုံးသော၊ ယဉ်ကျေးမှုဆိုင်ရာ မြို့တော်များအဖြစ်ပါ တည်ဆောက် သွားရန် ဝန်ကြီးက တိုက်တွန်းထားပါသည်။

နေထိုင်ရာပတ်ဝန်းကျင်အရည်အသွေး တိုးတက်ကောင်းမွန်စေရန် ဂေဟစနစ်ပြန်လည် ထိန်းသိမ်းသည့် စီမံကိန်းများအား လေလံခေါ်ယူမှုများဖြင့် အကောင်အထည်ဖော်သင့်ကာ သမိုင်းဝင်သော၊ ယဉ်ကျေးမှုဆိုင်ရာ ကာကွယ်မှုများကိုလည်း မြို့တော်၏ ဝိသေသလက္ခဏာ အားပုံဖော်ပေးရန် အားကောင်းခိုင်မာစေသင့်ကြောင်း ဝန်ကြီးက အလေးအနက်ပြောကြားထား ပါသည်။

ရင်းမြစ်၊Xinhua(၂၂-၁၂-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading