ပြည်ပသတင်းများ

စဉ်ဆက်မပြတ်ကုန်သွယ်မှုဆိုင်ရာ ကတိကဝတ်များအပေါ် ချိုးဖောက်မှုများနှင့် ကုန်သွယ်မှုအတားအဆီးများအား တိုက် ဖျက်ရန်အတွက် ဥရောပကော်မရှင်က တိုင်ကြားမှုစနစ်သစ် တစ်ရပ်ကို စတင်မိတ်ဆက်ခဲ့ခြင်း

အီးယူ၏ ကုန်သွယ်မှုသဘောတူညီချက်များနှင့် ယေဘုယျ အကောက်ခွန် သက်သာခွင့် အစီအစဉ် (Generalized Scheme of Preferences) တို့အောက်မှ ကုန်သွယ်မှုနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကတိကဝတ်များအား ဖောက်ဖျက်မှုနှင့် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အတားအဆီးများအား ပေးပို့တင်ပြနိုင်ရေးအတွက် တိုင်ကြားမှုစနစ်သစ် (new complaint system) တစ်ရပ်ကို ဥရောပကော်မရှင်က ၁၆-၁၁-၂၀၂၀ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ စနစ်သစ်သည် အီးယူ၏ ကုန်သွယ်ရေးသဘောတူညီချက်များ အကောင်အထည်ဖော်ခြင်းနှင့် အသက်ဝင်အာဏာတည်မြဲစေခြင်းတို့ကို အားကောင်းလာစေရေး ဥရောပကော်မရှင်၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို ထင်ဟပ်ခြင်းလည်းဖြစ်သည်။ ဥရောပကော်မရှင်သည် ကုန်သွယ်ရေး မူဝါဒဆိုင်ရာ အသက်ဝင်အာဏာတည်မြဲစေခြင်းအပိုင်းကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ပြီးခဲ့ သည့် ဇူလိုင်လက Chief Trade Enforcement Officer ကိုခန့်အပ်၍ ကော်မရှင်၏ ၂၀၁၈ ခုနှစ်၊ ကုန်သွယ်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရေး အဆိုပါစနစ်သစ် ကိုမိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားမှုစနစ်သစ်၏ လုပ်ငန်းစဉ်အရ အီးယူအဖွဲ့ဝင်နိုင်ငံများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူ့အဖွဲ့အစည်း ဆိုင်ရာအသင်းအဖွဲ့များနှင့် အီးယူနိုင်ငံသားများအားလုံးအတွက် ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။ ၎င်းစနစ်တွင် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အတားအဆီးများအတွက် တိုင်ကြားမှုပုံစံနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိကဝတ်များချိုးဖောက်မှုအတွက် တိုင်ကြားမှုပုံစံ ဟူ၍ complaint forms (၂) မျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ တိုင်ကြားမှု များတွင် တိုင်ကြားသည့်ကိစ္စရပ်နှင့် သက်ဆိုင်သည့် အချက်အလက်များအား အသေးစိတ် ဖော်ပြချက်နှင့် ၎င်းကိစ္စရပ်ကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ထားရှိသည့် အချက်များကို ထည့်သွင်းပေးပို့ရမည်ဖြစ်သည်။ ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ ကိစ္စရပ်အတွက် တိုင်ကြားသူမှ စွပ်စွဲသည့် ဈေးကွက်ဝင်ရောက်ခွင့် အတားအဆီး၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှုကို ဖော်ပြ ရန်လိုအပ်မည်ဖြစ်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်အတွက် တိုင်ကြားသူ သည် ၎င်းစွပ်စွဲထားသည့် ချိုးဖောက်မှု၏ ပြင်းထန်မှုအခြေအနေနှင့် ယင်း၏ သက်ရောက်မှု တို့ကို အသေးစိတ်ဖော်ပြပေးရမည်ဖြစ်သည်။

တိုင်ကြားမှုတစ်ရပ်ကို ပြုလုပ်ပြီးပါက အဆိုပါတိုင်ကြားချက်သည် Enforcement action အဖြစ် ဆောင်ရွက်ရန် လိုအပ်မှု ရှိ/ မရှိအား တိုင်ကြားသူထံ ဥရောပကော်မရှင်က အသိပေးခြင်း၊ တိုင်ကြားသည့်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် သင့်လျော်သည့်အဆင့်များ၊ အရေးယူ ဆောင်ရွက်ရမည့်အချက်များနှင့် ဖြစ်နိုင်ဖွယ်ရှိသော အချိန်ကာလသတ်မှတ်ချက်တို့ ပါဝင်သည့် လုပ်ငန်းအစီအစဉ်ကို တိုင်ကြားသူအား ဥရောပကော်မရှင်က အသိပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ တိုင်ကြားသည့်ကိစ္စရပ်အား ဖြေရှင်းနိုင်ရေး အရေးယူဆောင်ရွက် ထားသည့်အချက်များအပေါ် ကာလအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေကိုလည်း ကော်မရှင် က တိုင်ကြားသူထံသို့ အသိပေးနိုင်မည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဥရောပကုမ္ပဏီများ ရင်ဆိုင် တွေ့ကြုံနေရသည့် ဈေးကွက်ဝင်ရောက်ခွင့်ဆိုင်ရာ အတားအဆီးများအား တိုက်ဖျက်ရေး အီးယူ ၏ အရေးယူဆောင်ရွက်ချက်သည် အောင်မြင်လျက်ရှိကြောင်းနှင့်  ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း အဆိုပါအတားအဆီးများအား ဖယ်ရှားနိုင်ရေး ဥရောပကော်မရှင်၏ ဆောင်ရွက်မှုနှင့် အတူ ၂၀၁၉ ခုနှစ်တွင် အီးယူ၏ ပို့ကုန်တင်ပို့မှု၌ အနည်းဆုံး ယူရို ၈ ဘီလီယံကို ရှာဖွေဖော် ဆောင်ပေးနိုင်ခဲ့ကြောင်း ဥရောပကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရပါသည်။

ရင်းမြစ် – (https://trade.ec.europa.eu/)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading