ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် ပဲမျိုးစုံရောင်းဝယ်မှု အခြေအနေ

မန္တလေးမြို့ရှိပွဲစား/ ကုန်သည်/ စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေး ကုန်စည်ဒိုင်) မှ မေးမြန်းရရှိသော ပဲမျိုးစုံဈေးကွက်သတင်းအား အောက်ပါအတိုင်း တင်ပြအပ် ပါသည် –

မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲဈေးနှုန်းများအနေဖြင့် အိန္ဒိယသို့ တင်ပို့မည့်ရက်ကို ၂၀၂၁ ခုနှစ်၊မတ်လ(၃၁) ရက်သို့ ပြောင်းရွှေ့သတ်မှတ်လိုက်ခြင်း၊ ပွဲစား/ကုန်သည်များအနေဖြင့် ပစ္စည်း ဝယ်ယူရန် အချိန်ရခြင်း၊ ပြည်တွင်း၌ မိုးစိုက်ဆောင်းသီးနှံသစ်ထွက်ရှိလာခြင်း၊ အိန္ဒိယ၌လည်း ပဲဈေးများ နိမ့်နေခြင်းတို့ကြောင့် ပြည်တွင်းစျေးကွက်တွင် ဈေးနိမ့်ကျခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိဈေးနှုန်းများအနေဖြင့် (၃) တင်းတစ်အိတ်လျှင် မတ်ပဲ ၁၁၀,၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၅,၀၀၀ ကျပ်မှ ၈၇,၀၀၀ ကျပ်၊ ကုလားပဲ (လုံးဝါ) ၉၀,၀၀၀ ကျပ်မှ ၉၂,၀၀၀ ကျပ်၊ ကုလားပဲ (လုံးဖြူကြီး) ၉၃,၀၀၀ ကျပ်မှ ၉၇,၀၀၀ ကျပ် ရှိကြောင်း သိရှိရပါသည်။

မြေပဲဆန်နှင့်ပဲတီစိမ်းဈေးနှုန်းများအနေဖြင့် တရုတ်သို့ ပုံမှန်တင်ပို့လျက်ရှိသော်လည်း ပဲတီစိမ်းမှာ ပိုမိုဝယ်ယူမှုများနေခြင်း၊ ပြည်တွင်း၌ အထွက်နည်းနေခြင်းတို့ကြောင့် ယခင် (၃) တင်းတစ်အိတ်လျှင် ၁၁၀,၀၀၀ -၁၀၀,၅၀၀ ကျပ်မှ ယခု ၁၂၃,၀၀၀-၁၂၅,၀၀၀ ကျပ်ထိ ဈေးမြင့် လာခဲ့ကြောင်း၊ မြေပဲဆန် (ဖြူ/နီ) ၁ပိဿာလျှင် ၃,၀၀၀-၂,၅၀၀ ကျပ်ရှိပြီး အဝယ်ပုံမှန်ရှိကြောင်း၊ ပုံမှန်ဈေးမရှိပဲ လမ်းကြောင်းအခက်အခဲများကြောင့် ကားခ အတက်/ အကျ ပေါ်မူတည်၍ ဈေးနှုန်း အတက်/ အကျရှိကြောင်း သိရှိရပါသည်။

                                                                                           ( ချိုထွန်း၊ ဈေးကွက်သတင်းဌာနစိတ်(MIS) )

Loading