ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

အစေ့ထုတ်ပြောင်းမှာ ပြောင်းသစ်များ ထွက်ရှိမှုများလာခြင်း ကြောင့် ဈေးကွက်သို့ ကုန်အဝင်လှိုင်ခြင်း၊ ရောင်းလိုအားများခြင်း၊ တရုတ်နှင့် ထိုင်းနယ်စပ်သို့ ကုန်စည်စီးဆင်းမှုမရှိ သလောက်နည်းခဲ့ခြင်း၊ ပြည်တွင်း၌လည်း သီတင်းကျွတ်ပိတ်ရက်များ ရှိခဲ့ခြင်း၊ ရွေးကောက်ပွဲ ကာလဖြစ်ခြင်း၊ ကိုဗစ်-၁၉ ဆိုင်ရာအကန့်အသတ်များရှိခြင်း၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့့်် ယခင်တစ်ပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ ယခင် တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းမှာ  အစေ့ထုတ်ပြောင်း (၅၄) ပိဿာလျှင် (၂၄,၃၀၀) ကျပ် ရှိကြောင်း သိရှိရပါသည်။

ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ (သင်္ဘောတင်) နှင့် ပဲစင်းငုံ (သင်္ဘောတင်) မှာ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင်း၌ ပဲလိုအပ်ချက်များရှိခဲ့သော်လည်း အိန္ဒိယအစိုးရသည် အရန်သိုလှောင်ထားသော ပဲများအား ထုတ်ရောင်းပေးမှုရှိလာခြင်းကြောင့်လည်းကောင်း၊ ပဲရာဇာ တင်သွင်းခွန် (၁၀) ရာခိုင်နှုန်း လျော့ပေးထားခြင်းကို ယခုနှစ်ကုန်အထိ သက်တမ်းတိုးပေးခဲ့ခြင်း ကြောင့်လည်းကောင်း၊ အိန္ဒိယသို့ မိုဇမ်ဘစ်နှင့် ဆူဒန်နိုင်ငံများမှ ပဲစင်းငုံဝင်ရောက်မှုရှိလာခြင်း ကြောင့်လည်းကောင်း၊ မြန်မာပြည်တွင်း၌လည်း သီတင်းကျွတ်ပိတ်ရက်များ ရှိခဲ့ခြင်း၊ ရွေးကောက် ပွဲကာလဖြစ်ခြင်း၊ ကိုဗစ်-၁၉ ဆိုင်ရာ အကန့်အသတ်များရှိခြင်းတို့ကြောင့် အရောင်းအဝယ်ဖြစ်မှု နည်းခြင်း၊ ပြည်ပငွေလဲနှုန်းကျဆင်းနေခြင်း၊ ပြည်ပတင်ပို့မှုမရှိသေးခြင်း စသည့်အခြေအနေများ ကြောင့် မြန်မာမတ်ပဲနှင့် ပဲစင်းငုံများ ယခင်တစ်ပတ်ထက် ဈေးနိမ့်လာခဲ့ကြောင်း သိရှိရပါ သည်။ မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ယခင်တစ်ပတ်ဈေးနှုန်းမှာ (၁,၁၁၂,၅၀၀) ကျပ်ဖြစ် ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၁,၀၉၀,၀၀၀) ကျပ်၊ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ယခင် တစ်ပတ်ဈေးနှုန်းမှာ (၉၅၅,၀၀၀) ကျပ်ဖြစ်ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၉၁၀,၀၀၀) ကျပ်ဖြစ် ကြောင်း သိရှိရပါသည်။ ယခုရက်သတ္တပတ်အတွင်းတွင် ကုန်စည်ဒိုင်ဖွင့်ရက် (၆) ရက်ရှိခဲ့သော် လည်း ပြည်ပဝယ်လက်များမှ ဝယ်ယူမှုမရှိသလောက် နည်းခဲ့ကြောင်းနှင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုမရှိခဲ့ ကြောင်းသိရှိရပါသည်။ ပဲတီရွှေဝါမှာ ဆောင်းပဲတီစိမ်းများ စတင်စိုက်ပျိုးချိန်ဖြစ်ခြင်း၊ ဈေးကွက်သို့ ပဲဝင်ရောက်မှုနည်းသော်လည်း တရုတ်ဝယ်လက်များမှ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ရောင်းလိုအား ဝယ်လိုအားမျှကာ ယခင်တစ်ပတ်ဈေးနှုန်းများဖြင့် ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းမှာ (၃) တင်း/ (၆၀) ပိဿာတစ်အိတ်လျှင် (၁၂၅,၁၀၀) ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ ကုလားပဲမှာ ပြည်တွင်းလက်ကျန်နည်းသော်လည်း ပြည်ပတင်ပို့မှုမရှိခြင်း၊ ပြည်တွင်းပဲခွဲစက်များမှ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ယခင် တစ်ပတ်ထက် ဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခင်တစ်ပတ်ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် (၁) ပိဿာလျှင် (၁၆၁၈) ကျပ် ဖြစ်ပြီး ယခုတစ်ပတ်ဈေးနှုန်းမှာ (၁၆၀၀) ကျပ်ဖြစ်သည်။ ပဲလွမ်းဖြူနှင့် ဘိုကိတ်ပဲ မှာ ဥရောပ နိုင်ငံအချို့မှ ဝယ်လိုအားရှိခဲ့သော်လည်း ပြည်တွင်း၌ ပဲလက်ကျန် အလွန်နည်းခြင်း၊ ဈေးကွက်သို့ ပဲဝင်ရောက်မှု မရှိသလောက်နည်းခြင်းတို့ကြောင့် အရောင်းအဝယ်ဖြစ်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။

စားဖိုဆောင်သီးနှံ ဈေးကွက်တွင် ကြက်သွန်ဖြူ (ရှမ်း) မှာ အရည်အသွေးကောင်းခြင်း နှင့် ကုန်အဝင်နည်းခြင်း စားသုံးသူမှ အဝယ်လိုက်ခြင်းတို့ကြောင့် (၁) ပိဿာလျှင် ယခင်တစ်ပတ် ဈေးနှုန်းများထက် (၃၀၀) ကျပ်ခန့် ဈေးမြင့်ခဲ့ပြီး ကြက်သွန်ဖြူ (ကြူကုတ်) မှာ အအေးခန်း လှောင်စ များသာ ကုန်အဝင်ရှိခြင်း၊ ပစ္စည်းကောင်း ရှားလာခြင်းတို့ကြောင့် (၁) ပိဿာလျှင် ယခင်တစ်ပတ် ဈေးနှုန်းများထက် (၅၀) ကျပ်ခန့်သာ ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။ ငရုတ်ခြောက် (ရှည်၊ လတ်၊ ပွ) မှာ ရန်ကုန်ဈေးကွက်သို့ ငရုတ်အမျိုးအစားအားလုံး ကုန်အဝင်နည်းခြင်း၊ အအေးခန်း သိုလှောင်ထားသော ငရုတ်များဖြစ်၍ အရည်အသွေးကောင်းခြင်း၊ စားသုံးသူမှ အဝယ်လိုက်ခြင်း  တို့ကြောင့် ငရုတ်အမျိုးအစားအားလုံး (၁) ပိဿာလျှင် ယခင်တစ်ပတ်ဈေးနှုန်းများထက် (၂၅၀) ကျပ်ခန့် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

                                                                                            (ဒေါ်အေးသန္တာဝင်း၊ ရန်ကုန်ဈေးကွက်)

Loading