ပြည်ပသတင်းများ

ကပ်ရောဂါအားအဆုံးသတ်စေရန် စားသောက်ကုန်ဘေးကင်း လုံခြုံရေးကို ဦးစားပေးသွားမည့် တရုတ်နိုင်ငံ

တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း တရုတ် နိုင်ငံတစ်ဝှမ်း၌  ဆိုင်ထိုင် စားသောက်မှုများ ပြန်လည်ခွင့်ပြုနေချိန်တွင် စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးနှင့် ညီညွှတ်စေရေးအတွက် ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံက ပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ ပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားနေဆဲဖြစ်သည့်အပြင် ပြည်ပမှ စားသောက်ကုန် ပြုပြင်ထုတ်လုပ်သူလုပ်ငန်းစုအချို့တွင်လည်း ကပ်ရောဂါဖြစ်ပွားနေသည့် အစီရင်ခံမှုများကြောင့် အအေးခန်းကွင်းဆက်ဖြင့် ထုတ်လုပ်သည့်ကုန်စည်များအပေါ် နီးနီး ကပ်ကပ်စောင့်ကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ပြည်ပမှတင်သွင်းသည့် အစားအသောက်များမှ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေအား ကာကွယ် သည့် ဆောင်ရွက်မှုတစ်ရပ်အနေဖြင့် ဇူလိုင်လအတွင်း အီကွေဒေါနိုင်ငံမှ ပုစွန်ထုတ်လုပ်သူ (၃) ဉီး ထံမှ တင်သွင်းမှုအား တရုတ်အကောက်ခွန်ဌာနက ရပ်ဆိုင်းခဲ့ပါသည်။  ၎င်းထုတ်လုပ်သူ (၃) ဉီး ထံမှ တင်ပို့သော အေးခဲထားသည့် ရေထွက်ကုန်များအား ထုပ်ပိုးထားသည့်ပစ္စည်းများ၏ အတွင်း ပိုင်းနံရံများနှင့် ပြင်ပအခွံများအပေါ်တွင် ဗိုင်းရပ်စ်ပိုးများကို တွေ့ရှိခဲ့ပြီးနောက် ထိုပစ္စည်းများ အားလုံးအား ပြန်ပို့ရန် (သို့မဟုတ်) ဖျက်ဆီးပစ်ရန် အကောက်ခွန်အာဏာပိုင်များက အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

၎င်းကုန်ပစ္စည်းများမှ လူများသို့ ဗိုင်းရပ်စ်ရောဂါကူးစက်နိုင်ကြောင်း စစ်ဆေးသည့် ရလဒ် မရှိသေးသော်လည်း ၎င်းကုမ္ပဏီများ၏ စားသောက်ကုန်ဘေးကင်းလုံခြုံရေး စည်းမျဉ်း စည်းကမ်းများတွင် လိုအပ်ချက်များရှိနေသေးသည်ကို ဖော်ပြနေကြောင်း အကောက်ခွန်ဌာန၏ သွင်းကုန်ပို့ကုန်စားသောက်ကုန်ဘေးကင်းလုံခြုံရေးဗျူရိုမှ အကြီးအကဲ Bi Kexin က ပြောကြား ထားပါသည်။

ပြည်ပမှ တင်သွင်းသော စားသောက်ကုန်များနှင့် ပြည်တွင်း၌ ထုတ်လုပ်သော စားသောက် ကုန်များ နှစ်ရပ်လုံးအပေါ် စားသောက်ကုန်ဘေးကင်းလုံခြုံစေရေးအတွက် အားအကောင်းဆုံး စီမံဆောင်ရွက်မှုများဖြင့် ဆောင်ရွက်လာချိန်တွင် လိုက်နာရန် ပျက်ကွက်သူများနှင့် ဉပဒေချိုး ဖောက်သူများအား အပြင်းထန်ဆုံးအရေးယူမှုများ ဆောင်ရွက်သွားရန်နှင့် ထိရောက်မှု အရှိဆုံး တာဝန်ယူမှုတာဝန်ခံမှုများ၊ အတင်းကြပ်ဆုံး စံချိန်စံညွှန်းများဖြင့် ဆောင်ရွက်သွားမည်ဟု သိရပါ သည်။

အရှိန်ပြင်းလာသည့်  ကုန်ပစ္စည်းစစ်ဆေးမှုများ

ပြည်ပမှ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်ခံရမှုအား ဖြတ်တောက်ရန် အအေးခန်းဖြင့် တင်သွင်း လာသည့် အစားအစာများအပေါ် စမ်းသပ်စစ်ဆေးမှုများအား တရုတ်နိုင်ငံက အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ စက်တင်ဘာလ (၁၅) ရက်နေ့တွင် တရုတ်အကောက်ခွန်ဌာနက နိုင်ငံခြားမှ အအေးခန်းဖြင့် အစားအစာတင်ပို့ရောင်းချသည့် ကုမ္ပဏီ (၅၆)ခုတို့အား ယာယီဆိုင်းငံ့ ခဲ့ပါသည်။

ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက်မျှဝေမှုများအား လွယ်ကူလျင်မြန် စေရန် ယန္တရားများကိုလည်း တည်ထောင်ထားကာ  ပြဿနာတစ်စုံတစ်ရာ ရှာတွေ့သည်နှင့် အလျင်အမြန်ဆောင်ရွက်မှုပြုရန်လက်လီစားသောက်ကုန်ရောင်းချသူများအား အမိန့်ပေးထားပါသည်။

စားသောက်ကုန်ဘေးကင်းလုံခြုံရေးအတွက် စီမံကြီးကြပ်မှုများနှင့် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသော်လည်း  တရုတ်နိုင်ငံ၏ တံခါးဖွင့်မူဝါဒ၏  မရှိမဖြစ် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုအား မြှင့်တင်သွားရန်နှင့် ပြည်ပမှ တင်သွင်းမှု များအား ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါသည်။

တရားဝင်စာရင်းများအရ ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စားသောက်ကုန်နှင့် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာသွင်းကုန်များ တင်သွင်းမှုမှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း လျင်မြန်စွာတိုးတက်လာကြောင်းတွေ့ရပါသည်။ ယခုနှစ် ပထမ (၅) လအတွင်း လယ်ယာထွက် ကုန်များ တင်သွင်းခဲ့မှုမှာ ယခင်နှစ်ကထက် (၉) ရာခိုင်နှုန်းပိုမိုမြင့်တက်လာပါသည်။

ဘေးအန္တရာယ်ဖြစ်နိုင်ခြေများ လျှော့ချခြင်း

လူဉီးရေ (၁.၄) ဘီလီယံရှိသည့် တရုတ်နိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူ တစ်ဉီးချင်း၏ အစားအစာဘေးကင်းစိတ်ချလုံခြုံစေရေး စီမံကြီးကြပ်ရန်  ပြည်သူ့ကျန်းမာရေး တွင် အစားအစာဘေးကင်းစိတ်ချလုံခြုံစေရေးအား အဆင့်တိုင်း၌ ဉီးစားပေးဆောင်ရွက်သွား မည်ဖြစ်ကာ၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများအားလုံးအား လျှော့ချသွားရန် ပိုမိုအားထုတ် ကြိုးပမ်း သွားရန် တိုက်တွန်းထားပါသည်။

လက်ရှိအချိန်အထိ COVID-19 ကပ်ရောဂါကို ထိန်းချုပ်ကာကွယ်သည့်အားဖြင့် တိရိစ္ဆာန်ရိုင်းများ တရားမဝင် ရောင်းဝယ်မှုများနှင့် စားသုံးမှုများကို တရုတ်နိုင်ငံက တားမြစ် ထားပြီး၊ ဝန်ထမ်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ကုန်စည်သယ်ယူပို့ဆောင်မှုများအား ကာကွယ် ပေးကာသဘာဝစားသောက်ကုန်လုပ်ငန်းများအား တင်းကြပ်စွာ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါ သည်။

အအေးခန်းစနစ်ဖြင့် ထုတ်လုပ်သယ်ယူပို့ဆောင်ရသည့် စားသောက်ကုန် ထောက်ပို့ သယ်ယူပို့ဆောင်မှုကွင်းဆက်များမှာလည်း  အာရုံစိုက်ခံလာရပါသည်။ ၎င်းကဏ္ဍအား စည်းမျဉ်း များဖြင့် ထိန်းကျောင်းကြပ်မတ်သွားရန် ထုတ်လုပ်မှု၊ ပြုပြင်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ရောင်းချမှု များအပါအဝင် အအေးခန်းအစားအစာကွင်းဆက်အားလုံးအတွက် အမျိုးသားအဆင့် စည်းမျဉ်း စည်းကမ်းလိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

စားသောက်ကုန် ဘေးကင်းစိတ်ချလုံခြုံစေရေး ကာကွယ်ရန် အတင်းကြပ်ဆုံး စီမံ ဆောင်ရွက်မှုများကို ချမှတ်ဆောင်ရွက်နေစဉ်အတွင်း ပိုမို၍ တညီတည်းဖြစ်ပြီး စီမံကြီးကြပ် နိုင်သည့်စနစ်တစ်ခုအား  တည်ထောင်သွားရန် တရုတ်နိုင်ငံက တောင်းဆိုထားပါသည်။

ရင်းမြစ်၊ China Daily(၂၇-၁၀-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading