ပြည်ပသတင်းများ

အာဆီယံဈေးကွက်အတွင်းတိုးချဲ့ရန် စီချွမ်းကုမ္ပဏီများအား CAEXPO ဖိတ်ခေါ်

မကြာမီကျင်းပတော့မည့် (၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကာလတွင် ပြည်တွင်းပြည်ပမှ ပြပွဲသို့ လာရောက်မည့်ဝယ်ယူသူ၊ ရင်းနှီးမြှုပ်နှံသူနှင့် စီမံကိန်း ပိုင်ဆိုင်သူပေါင်း (၁၁,၀၀၀) အား ဆွဲဆောင်ရန် မျှော်လင့်ထားကြောင်း ပြပွဲကျင်းပရေးကော်မတီ က အောက်တိုဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားပါသည်။

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း ပုံမှန်ပြသမှုများအပြင် အလီဘာဘာအုပ်စုနှင့်အတူ ဒစ်ဂျစ်တယ် platform များ ထူထောင်ကာ ပြည်တွင်းပြည်ပမှ ပါဝင်ပြသသူများက ၎င်းတို့၏ ကုန်ပစ္စည်းများကို ထည့်သွင်းပြသခြင်း၊  ဝယ်ယူမည့်သူများနှင့် ညှိနှိုင်းဆွေးနွေးခြင်းနှင့်  စီးပွားရေးအခွင့်အလမ်းများအား ပိုမိုရှာဖွေရန် တိုက်ရိုက်ထုတ်လွှင့်ပြသ ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့တွင် အောက်တိုဘာလ (၁၉) ရက်နေ့၌ ကျင်းပခဲ့သည့် ပြပွဲ မြှင့်တင်ရေးပွဲတွင် လာမည့် CAEXPO ပြပွဲ၌ ပိုမိုတက်ကြွစွာပါဝင်ကြရန် စီချွမ်းကုမ္ပဏီများအား ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံလမ်းအသစ် တည်ဆောက်ရေးတွင် ကွမ်ရှီးနှင့် စီချွမ်းတို့ အရှိန်မြှင့်တင်ဆောင်ရွက်သင့်ပြီး၊ စက်မှုကုန်ထုတ် လုပ်ရေးပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သင့်ကြောင်း တရုတ်ပြည်သူ့နိုင်ငံ ရေးရာ အတိုင်ပင်ခံညီလာခံ (ကွမ်ရှီးကော်မတီ) မှ ဒုတိယဉက္ကဋ္ဌ  QianXueming က အကြံပြု ပြောကြားထားပါသည်။

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း ပိုမိုစုံလင်သော နယ်ပယ် များ၌ ပူးပေါင်းဆောင်ရွက်မှုများ အကာင်အထည်ဖော်ရန် စီချွမ်းကုမ္ပဏီများလာရောက်ကြရန် ကြိုဆိုကြောင်း Qian က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

စီချွမ်းကုမ္ပဏီများ၏ ဈေးကွက်များ ကွမ်ရှီးနှင့် အာဆီယံနိုင်ငံများတွင် တိုးချဲ့ရန်အတွက် CAEXPO မှာ အရေးပါသော ပေါင်းကူးဆက်သွယ်ပေးသည့်နေရာ ဖြစ်လာကြောင်း၊ ထို့ကြောင့် ပြပွဲသို့ တက်ရောက်ရန် ပြည်နယ်အတွင်းရှိ ကုမ္ပဏီများကို စုစည်းပေးမည်ဖြစ်ကြောင်း စီချွမ်း ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူး Yu Bin က ပြောကြားခဲ့ပါသည်။

စီချွမ်းကုမ္ပဏီများဘက်မှ ကိုယ်စားလှယ်များကလည်း New Hope Liuhe Co., Ltd နှင့် New Hope Liuhe Co., Ltd ကဲ့သို့သော ကုမ္ပဏီများမှာ အာဆီယံနိုင်ငံများတွင် ဈေးကွက်တိုးချဲ့ ရေးအတွက် ၎င်းတို့၏ အနေအထားများအား ပြင်ဆင်ထားကြကြောင်း၊ တရုတ်-အာဆီယံ ဈေးကွက်တွင် ၎င်းတို့၏ ဈေးကွက်များ ထပ်မံတိုးချဲ့သွားရေးအတွက် ပြပွဲအား ပိုမိုကောင်းမွန်စွာ အခြေပြုသွားရန် မျှော်လင့်ထားကြောင်း မှတ်ချက်ပြုပြောကြားခဲ့ကြပါသည်။

ရင်းမြစ်၊en.gxzf.gov.cn(၂၁-၁၀-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading