ပြည်တွင်းသတင်းများ

အာဟာရကဏ္ဍပြုပြင်ပြောင်းလဲရေးအစီအစဉ်၏ ပထမအကြိမ် Policy Dialogue Meeting ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဥရောပ သမဂ္ဂ၏ အထောက်အပံ့ဖြင့်အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအစီအစဉ် (Nutrition Sector Reform Contract- NSRC) ကို၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် CERP ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့အကြား ပထမအကြိမ် Policy Dialogue Meeting (Virtual Meeting) ကို၂၀၂၀ ပြည်နှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၊ ရုံးအမှတ်(၁၅)၊ နေပြည်တော်တွင်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ငွေတိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် EU Deligation မှ Dr. Johann H. Hesse နှင့် Mr. Alvaro တို့အပါအဝင် စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ ဦးလှကျော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်းနှင့် Dr.Johann H. Hesse တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ညွှန်ကြားရေးမှူးချုပ်များမှ Covid-19 Economic Relief Plan (CERP) နှင့်စပ်လျဉ်း၍ တိုးတက်မှု အခြေအနေများကို လည်းကောင်း၊ စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသန္တာကြည်မှ NSRC အစီအစဉ်တွင် Agricultural Development Strategies– ADS နှင့် Multi Sectoral-National Plan of Action on Nutrition– MS-NPAN တို့ကို ချိတ်ဆက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာခင်မာလေးမှ 2020-21 ဘဏ္ဍာရေးနှစ်အတွက် NSRC ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သတ်မှတ် target ပြည့်မီရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

Covid ကာလအတွင်း အာဟာရကဏ္ဍပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အကောင်းဆုံး နည်းလမ်းများအတွက် အစည်းအဝေးတက်ရောက် လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ်(၁၂:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading