ပြည်တွင်းသတင်းများ

(၂၀) ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး

(၂၀) ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးအား သဘာပတိအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ H.E. Veng Sakhon မှဦးဆောင်၍ Blue Jeans Application အသုံးပြု၍ Virtual Meeting အဖြစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တို ဘာလ (၂၁)ရက်နေ့ နေလည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့မှ စိုက်ပျိုးရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် COVID-19 ကပ်ရောဂါကြောင့် စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် အဟာရပြည့်ဝစေရေး၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးနှင့် အာဆီယံအပေါင်းသုံးနိုင်ငံများအကြား စားနပ်ရိက္ခာဖူလုံမှု သေချာစေ ရေး၊ စားနပ်ရိက္ခာ အရန်ထားရှိမှုနှင့် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ အစီ အစဉ်ဖြင့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် တုံ့ပြန်ဆောင်ရွက်နေသည့် နည်းလမ်းများနှင့် စပ် လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာ လုပ်ငန်းစဉ် (၂၀၁၆-၂၀၂၅) အောက်မှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် အာဆီယံ အပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ သဘောတူညီချက်၏ အစီအစဉ်(၃)အရ အရေးပေါ် ဆန်အရန်ရိက္ခာများ ထောက်ပံ့ပေးခဲ့မှု အခြေအနေများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံ ကိန်း(၂)ခု၏ ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံဒေသတွင်း Fall Armyworm ကျ ရောက်မှုအတွက် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်(၂၀၂၀-၂၀၂၅)အား ထောက်ပံ့ကူညီ ပေးမှု၊ စွမ်းဆောင်ရည် မြှင့်တင်ရေးစီမံကိန်းအရ ဂျပန်နိုင်ငံမှ နည်းပညာဆိုင်ရာ ထောက်ပံ့ ပေးမှု၊ အပေါင်းသုံးနိုင်ငံများမှ အာဆီယံ နိုင်ငံများသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာနှင့် ငွေကြေးအထောက်အကူ ပေးခဲ့မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် ERIA မှ တန်ဘိုးမြှင့် စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်ပေါ်ရေးအတွက် အစား အစာတန်ဘိုးကွင်းဆက်တလျှောက်ရှိ အအေးခန်းဝန်ဆောင်မှု (Cold Chain Development) နှင့် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုရေး သုတေသန အဆိုပြုချက်ကို တင်ပြဆွေးနွေး ပါသည်။

၎င်းနောက် (၂၀)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၏ ပူးတွဲ ကြေညာချက်အပေါ် အတည်ပြုခဲ့ပါသည်။ နောက် တစ်ကြိမ်ကျင်းပမည့် (၂၁) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ West Java ရှိ Bandung မြို့တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Loading